Sunday 10 March 2013

သွားကုသမှုနှင့် ရနံ့ကုထုံး

ရနံ့ဟူသည် ကောင်းသော၊ ဆိုးသော၊ လက်ခံနိုင်သော၊ လက်မခံနိုင်သော၊ တည့်သော၊ မတည့်သော သဘော ရှိပါသည်။ သင်းပျံ့မွှေးကြိုင်သော ရနံ့သည်ကား တဒင်္ဂအားဖြင့် စိတ်ကို ကြည် နူးစေနိုင်သည်မှာ မငြင်းနိုင်။ ရသာရမ္မက် ဟူသည် မိမိနှစ်သက်ရာ အရသာကို မစားရ မနေနိုင်လောက် အောင် ချင်ခြင်း တပ်ခြင်းဖြစ်သည်။ မိမိလိုချင်သော အရသာ မရလျှင် ရအောင်ရှာစားကြ သည်။ ရသာ ရမ္မက်၏ တန်ခိုးပင်ဖြစ် သည်။ ထို့အတူ ရနံ့ရမ္မက်သည်လည်း ရှိပါသည်။ အချို့ သောသူများ မိမိ နှစ်သက်သော ရနံ့ကိုရအောင် ရှာကြ သည်။ တံဆိပ်ကိုရှာ ဝယ်ကြသည်။ ရနံ့ရမ္မက်ပင်တည်း။
သာမန်အားဖြင့် ရနံ့ကို လူသားတိုင်း သဘောကျကြပါသည်။
ထူးခြားသည်မှာကား စိတ်ပိုင်းဆိုင်ရာ နူးညံ့မှုကိုပေးပြီး ကြောက် ရွံ့မှုကို ဖြေလျှော့စေနိုင်သော ရနံ့များ လည်း ရှိပါသည်။ အချို့သော ရနံ့များ သည် ခန္ဓာကိုယ်တွင်း ရောဂါများဖြစ်သော နှလုံး၊ သွေးတိုးနှင့် အာရုံကြောဆိုင်ရာ ရောဂါများ ပျောက်ကင်းစေနိုင်၍ ရနံ့ကုထုံး (Aromatherapy) ဟုခေါ်သည်။ ရနံ့ကုထုံးသည် သင်းပျံ့ မွှေးကြိုင်သော ရနံ့ ဖြစ်ပေါ်စေနိုင်သည်။ သစ်ပင်များမှ ရယူပြီး ခန္ဓာကိုယ်၊ စိတ်ပိုင်းနှင့် ရောဂါပိုင်း ဆိုင်ရာ သက်သာရာ ရစေနိုင်သော ကုထုံးကို ခေါ်ဆိုခြင်းသာ ဖြစ်ပါသည်။ ရနံ့ကုထုံးကို SPA များတွင် ဦးစားပေးသုံးကြသည်။ နောက်ပိုင်းတွင် အနံ့အသက် ဆိုးရွားသော၊ ကြောက်စိတ် ဖြစ်ပေါ်နိုင်သော၊ အေးချမ်းသာယာမှု ရစေနိုင်လိုသော နေရာများတွင် ရနံ့ကုထုံးကို သုံးလာကြပါ သည်။
သုံးရာမှ လက်တွေ့ အသုံးဝင်မှုကိုလည်း သိရှိလာကြပါသည်။ သွားဆေးခန်း၊ ဆေးရုံဟူသည် သွားဘက်ဆိုင်ရာ ရောဂါများကို ကုသပေး၊ ကာကွယ်ပေးသည့် ဝန်ဆောင်မှုပေးသော နေရာတစ်ခုဖြစ်ပါသည်။ သွား ဆေးခန်းများတွင် ထွက်ပေါ်လာသော ရနံ့များရှိသည်။ ဆေးရုံ၊ ဆေးခန်းများတွင် ဝင်ရောက်လျှင် ရရှိလာသော ရနံ့ သည်ကား ပိုးသတ်ဆေးနံ့ရသည်နှင့် ရောက်ရှိသော နေရာကို ဆေးရုံဟု ပြောနိုင်ခြင်းပင်ဖြစ်သည်။ သွားဆေးခန်းတွင် ရောက်ရှိသည်နှင့် ရရှိလိုက်မိသော အနံ့ သည် လေးညှင်းနံ့နှင့် ဆိုးရွားစူးရှသော အံကပ်အမွှေးရည်နံ့၊ သွားမြစ်တွင်း ကုသ သော ဆေးရည်နံ့များ ဖြစ်ပါသည်။ ထို အနံ့တို့သည် လူနာများအတွက် အသက် ရှူရခက်စေသော၊ မယဉ်ပါးသော ရနံ့ များ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ဆေးပု လင်းမှောက်ကျပြီး ထွက်ပေါ်လာသော အနံ့သည် လူနာထွက်ပြေးချင်လောက် အောင် နံသော အနံ့ဆိုးကို ရရှိခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ထိုမလိုလားအပ်သော ရနံ့များ မရစေရန်၊ လူနာ၏ စိတ်ကြည်နူး စေရန်၊ ကြောက်စိတ်လျော့ပါးစေရန်၊ ရောဂါသက်သာစေရန် သွားဆေးခန်း များတွင် ရနံ့ကုထုံး ရောယှက် အသုံးပြု လာပါသည်။ လာဗန်ဒါ(Larvendar) နှင့် ရလန်ရလန် (Ylang Ylang) တို့ သည် သွားဆေးခန်းများအတွက် အသုံးဝင်သော ရနံ့များ ဖြစ်လာသည်။ အများစု လက်ခံကြသော အနံ့တို့သည်ကား နံ့သာ ဖြူနံ့၊ စံပယ်နံ့၊ နှင်းဆီနံ့တို့ဖြစ်သည်။ ရနံ့ကုထုံး ကောင်းလွန်းသည် ဆိုသော်ငြားလည်း မတည့်သောသူများ၊ ပန်းနာရင်ကျပ် ရှိသူများအတွက် မကောင်းပါ။ လက်မခံနိုင်ပါ။ တစ်ယောက်နှင့် တစ်ယောက် မတူညီပါ။ အများစုအတွက်မူ ရနံ့ကုထုံးနှင့် သွားဆေးခန်းသည် လိုက်ဖက်ညီသော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါ သည်။ ရနံ့ကုထုံးအတွက် ရနံ့ဖယောင်းတိုင်၊ ရနံ့ ပရုတ်လုံး၊ ရနံ့ထုတ် လျှပ်စစ်ဓာတ် စသည်ဖြင့် အသုံးပြုကြပါသည်။ ရနံ့ကု ထုံးရှိနေခြင်းကြောင့် သွားရောဂါ ပြသလို သောလူနာတစ်ဦးအတွက် စိတ်ပိုင်းဆိုင် ရာ ကြောက်ရွံ့မှုလျော့သွားခြင်းသည်ပင် သွားရောဂါကုသမှု တကယ်အောင်မြင် သွားမည် ထင်ရပါကြောင်း တင်ပြလိုက် ရပါသည်။
ဒေါက်တာမိုလာ

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget