Sunday 10 March 2013

ဆောင်းရာသီတွင် လေဖြတ်ခြင်း ကင်းစေရန်

ဆောင်းရာသီမှာ အသက်ကြီး သူတွေ လေဖြတ်နိုင်ခြေ များပါတယ်။ အထူး သဖြင့် သွေးတိုးရောဂါရှိပြီး သွေးဖိအား ကို ကောင်းကောင်း ထိန်းချုပ်မှုမရှိရင်၊ သွေးတွင် မကောင်းတဲ့ အဆီတွေ များနေရင်၊ ဆေးလိပ်သောက်သုံးမှု များလွန်းရင်..စတဲ့ အကြောင်းတွေ ကြောင့် လေဖြတ်နိုင်ခြေများပါတယ်။ လေဖြတ်မှုကင်း အောင် ကောင်းတဲ့ ကိုလက်စထရော မြင့်မားနေဖို့လိုပြီး မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက် စားပြီး လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးဖို့ လိုပါတယ်။

အစားအသောက်
အစားအသောက်ဟာ လေဖြတ်နိုင် ခြေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိ ပါတယ်။ အထူးသဖြင့် သွေးတွင်း ကို လက်စထရောအဆင့်မြင့်တက်စေမယ့် အစားအသောက်ဆိုရင် လေဖြတ်နိုင်ခြေ များသလို နှလုံးသွေးကြောဆိုင်ရာ ရော ဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုလက်စထရောအဆင့် လျော့ကျစေဖို့ အမျှင်ဓာတ်များတဲ့ အစာ၊ အခွံချွတ်မ ထားတဲ့ ကောက်နှံစာ၊ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်အများအပြား စတာတွေကို စားပေးပါ။ ပြုပြင်ထားတဲ့ အစာ၊ အဆီများတဲ့ အစာ၊ ပြည့်ဝဆီများ တဲ့ အစာနဲ့ ဆိုဒီယမ်(ဆား) ပါဝင်မှုများ တဲ့ အစာတွေကို ရှောင်ရှားတာက လေ ဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။
လေ့ကျင့်ခန်း
တစ်နေ့ မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်တာက သင့်ခန္ဓာကိုယ်ကို ကောင်း ကျိုးအများကြီး ရရှိစေပါတယ်။ လေ့ကျင့် ခန်းလုပ်တာကြောင့် နှလုံးခုန်နှုန်းမြင့် တက်လာကာ ကိုယ်တွင်းမှ အဆိပ်တွေ ကို ဖယ်ရှားပေးနိုင်သလို နှလုံး၊ သွေး ကြောနဲ့ ဦးနှောက်ကိုလည်း သန်စွမ်းစေ ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်မှ လေ့ကျင့် ခန်း မလုပ်ဖူးရင် လေ့ကျင့်ခန်းအစီအစဉ် ကို မစတင်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
သွေးဖိအား
သွေးတိုးတာက လေဖြတ်နိုင်တဲ့ အဓိက အန္တရာယ်ပါ။ ဒါကြောင့် သွေးဖိအားကို ပုံမှန်အတိုင်းအတာအတွင်း ရှိ နေအောင် ထိန်းထားပေးဖို့ လိုပါတယ်။ ဆိုဒီယမ်(ဆား)ကို လျှော့စားတာ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် သွေး တိုးကို သိသိသာသာ လျော့ကျစေပါ တယ်။ ဒါ့အပြင် သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နဲ့ ပိုတက်စီယမ်များတဲ့ အစာ တို့ကို စားပေးရင် သွေးတိုးကျစေပါတယ်။
ဆေးလိပ်မသောက်သင့်ပါ
ဆေးလိပ်သောက်တာကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာအများစုအနက် ဆေးလိပ်သောက်တာက အဆိုးဆုံးအ ချက်တစ်ချက်ပါ။ စီးကရက်မီးခိုးထဲက အ ဆိပ်တွေဟာ သွေးကြောတွေကို ကျဉ်း စေပြီး မာကျောစေကာ သွေးခဲပိတ်ဆို့နိုင် ခြေများတာကြောင့် လေဖြတ်နိုင်ပါတယ်။
အရက်ကို ထိန်းချုပ်ပြီး သောက်ပါ
အရက်မှာ လေဖြတ်နိုင်ခြေများတဲ့ ဆိုးကျိုးရှိသလို လေဖြတ်နိုင်ခြေ လျော့ ကျစေတဲ့ အကျိုးလည်း ရှိပါတယ်။ အဓိ က သော့ချက်ကတော့ အသင့်အတင့် သောက်ဖို့ပဲ ဖြစ်ပါတယ်။ အရက်ကို တစ် နေ့ ပမာဏ အနည်းငယ်ပဲ သောက်ပေး ရင် ကောင်းတဲ့ ကိုလက်စထရောကို တိုး စေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ အရက်ကို အလွန် အမင်းသောက်ရင်တော့ နှလုံးနဲ့ သွေး ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
နာတာရှည်ကျန်းမာရေး အခြေအနေများကို ထိန်းချုပ်ပါ
သင်က သွေးတွင်း ကိုလက်စထ ရော အဆင့် မြင့်တက်နေရင်၊ သွေးတိုး နေရင်၊ အဝလွန်နေရင်နဲ့ ဆီးချိုသွေးချို ရောဂါရှိနေရင် ဒီအခြေအနေတွေကို ထိန်းချုပ်ထားနိုင်လေလေ၊ လေဖြတ်မှု မဖြစ်အောင် ရှောင်လွှဲနိုင်လေလေ ဖြစ်ပါတယ်။
ကြယ်စင်

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget