Sunday 10 March 2013

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေစစ်ဆေးသင့်သော ရောဂါငါးမျိုး

အမျိုးသမီးတွေအနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေစစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါ တယ်။ သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှုပြုလုပ် မှသာ သိရှိနိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန်နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက်နိုင်ပါ တယ်။ နာတာရှည်ရောဂါ တွေကိုလည်း စောစောစီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁) ရင်သားကင်ဆာ
ရင်သားကင်ဆာရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အ ပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦး နှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ် ပြီး ရင်သားကင်ဆာဖြစ်ပွားနိုင်တဲ့ အ ချက်တွေကို မသိရှိပါက သုံးနှစ် တစ်ကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါ တယ်။
- ဘယ်လိုရှာဖွေမလဲ
အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ်ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ် ကြည့်ရှုပြီး သိရှိနိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန်ရိုက်ပြီးလည်း စစ်ဆေး ကြည့်နိုင်ပါတယ်။ အမေရိကန်ကင်ဆာ ရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့ အမျိုးသမီးတိုင်း ရင်သားကို ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြု ထားပါတယ်။ အသက် ၅၀နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြားတစ်ကြိမ် ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammogramy) ရိုက်သင့်ပါတယ်။
၂) သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်းကင်ဆာက အမျိုး သမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရော ဂါတစ်ခုပါ။ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်တဲ့ Human Papilloma Virus (HPV) က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ပုံမှန် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါရှိ၊ မရှိ အစောဆုံးသိရှိနိုင်ပြီး ရောဂါရှိပါက ကုသမှုမှာ အကျိုးများစေပါတယ်။ သား အိမ်ခေါင်းအဝမှာ ကင်ဆာဖြစ်ချင်နေတဲ့ ဆဲလ် တွေ့ရှိပါက ကင်ဆာရောဂါအဖြစ် ပြောင်းလဲ မသွားခင်မှာဘဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ် ရှားပစ်နိုင်ပါတယ်။
- ဘယ်လိုရှာဖွေမလဲ
ဆရာဝန်က သားအိမ်ခေါင်းကင် ဆာရှိ၊ မရှိ သိရှိနိုင်အောင် သားအိမ်အဝ ရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှုကို အသက် ၂၁ နှစ်အရွယ်ကစလို့ စစ်ဆေး သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ် ခေါင်းကင်ဆာရောဂါကုသမှုမှာ ထိ ရောက်တဲ့ နည်းလမ်းကောင်းတွေပါ။
၃) အရိုးပါးခြင်း
အမျိုးသမီးတွေက သွေးဆုံးပြီးချိန် မှာ အရိုးဆုံးရှုံးမှုများပြီး အရိုးပါးလာပါတယ်။ အရိုးတွေပါးလာတဲ့အခါ အနည်း ငယ် ထိခိုက်မိရုံနဲ့ ကျိုးလွယ်လာပါတယ်။ အမေရိကန်နိုင်ငံရဲ့ အသက် ၅၀နှစ်နဲ့ အထက်အရွယ်တွေရဲ့ ထက်ဝက်လောက် က အရိုးပါးရောဂါကို ခံစားနေရပါတယ်။ အရိုးပါးတာကို ကာကွယ်မှုနဲ့ ကုသမှုတွေ ကို ထိထိရောက်ရောက် ပြုလုပ်နိုင်ပါက အရိုးကျိုးတဲ့အဆင့်ကိုမရောက်နိုင်ပါဘူး။
- ဘယ်လိုရှာဖွေမလဲ
အရိုးသိပ်သည်းဆကို တိုင်းတာစစ် ဆေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆတိုင်း တာထားတာကြောင့် အရိုးမကျိုးခင်မှာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ပါ တယ်။ အသက် ၆၅ နှစ်နဲ့အထက် အမျိုး သမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်း တာသင့်ပါတယ်။ အသက် ၆၅ နှစ် အောက် အမျိုးသမီးတွေလည်း အရိုးပါး နိုင်ခြေရှိတာကြောင့် အရိုးသိပ်သည်းဆ ကို တိုင်းတာဖို့ လိုပါတယ်။
၎) အရေပြားကင်ဆာ
အရေပြားကင်ဆာထဲမှာ အန္တ ရာယ်ရှိတဲ့ Melanoma ရှိ၊ မရှိကို အမျိုး သားတွေမှာ စစ်ဆေးသင့်သလို အမျိုးသ မီးတွေမှာလည်း စစ်ဆေးသင့်ပါတယ်။ တချို့တွေက မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း ပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ နေပူ ဆာလှုံတာတွေက အရေပြားကင်ဆာ ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီးသိရှိပြီး ကုသမှု ခံယူ နိုင်ပါက အကျိုးများစေပါတယ်။
- ဘယ်လိုရှာဖွေမလဲ
အရေပြားကင်ဆာရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက် နေ့စဉ် ကြည့်ရှုတာပါပဲ။ မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊ မရှိ ကြည့်ရပါမယ်။ ဝေခွဲမရတဲ့ ပြောင်းလဲမှု မျိုး တစ်စုံတစ်ရာကိုတွေ့ရှိပါက ဆရာဝန် နဲ့ ပြသစစ်ဆေးပါ။
၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ
အမေရိကန်လူဦးရေရဲ့ သုံးပုံတစ်ပုံ က သူတို့မှာ ဆီးချိုသွေးချိုရောဂါ ရှိနေ တာကို မသိရှိကြပါဘူး။ ဆီးချိုသွေးချို ရောဂါရှိတာကို စောစောစီးစီး သိရှိပါက အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အ လေးချိန်လျှော့ချမှုတွေ ပြုလုပ်ပြီး သွေး တွင်းအချိုဓာတ်ကို လျှော့ချကာ နောက် ဆက်တွဲ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
- ဘယ်လိုရှာဖွေမလဲ
 သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။ သင်ဟာ ကျန်းမာနေသူ တစ်ယောက် ဖြစ်ရင်တော့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလန်း ရှိနေပါတယ်။ အသက် ၄၅ နှစ်က စလို့ သုံးနှစ်တစ်ကြိမ် ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပါ တယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget