Friday 8 March 2013

သင့်အဆုတ်ကို ချစ်လျှင်

အဆုတ်ကို ကာကွယ်နိုင်စေဖို့ အောက်ပါအချက်တွေကို သိထားရပါမယ်။
ရင်ကျပ်ပန်းနာရောဂါ
အဆုတ်လေပြွန်တွေ ရောင်ရမ်းတာဟာ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - အနည်းငယ် ပင်ပန်းတဲ့ လေ့ကျင့်ခန်း တွေကို ၁၅ မိနစ်မျှပြုလုပ်လိုက်ရုံနဲ့ အသက်ရှူရ ခက်ခဲပင်ပန်းခြင်းနဲ့ ရင်ဘတ်တင်းကျပ်ကာ မောပန်းခြင်း တို့ကို ခံစားရတတ်ပါတယ်။
သက်သာစေနိုင်သော နည်းလမ်း - လေ့ကျင့်ခန်းကြောင့် ဖြစ်တတ်တဲ့ ရင်ကျပ် ပန်းနာဖြစ်ခြင်းကို ငါးအဆီ သောက်သုံးပါက အဆုတ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ၆၄ ရာခိုင်နှုန်း အထိ တိုးတက်ကောင်းမွန်စေ ပါတယ်။
အဆုတ်လေပြွန်ရောင်ရမ်းနာ
အဆုတ်လေပြွန်တွေမှာ ကူးစက်ပိုးဝင်တာက အချွဲထခြင်းကို ဖြစ်စေနိုင်ပါတယ်။
ခံစားရတတ်သော လက္ခဏာများ - ချောင်းဆိုးတဲ့အခါ အစိမ်းရောင်သန်းတဲ့ ချွဲသလိပ်ထွက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှူသံက တရွှီရွှီမြည်ခြင်းတို့ ခံစားရတတ်ပါတယ်။
သက်သာစေနိုင်သော နည်းလမ်း - အချွဲထွက်တာနည်းအောင် လေထု စိုထိုင်းစေတဲ့ စက်တပ်ဆင်ထားပေးပါ။ ဒါ့အပြင် လေပြွန်ရှင်းလင်းသွားအောင် ရေနွေးငွေ့ကို မိနစ် ၂၀ လောက် ရှူရှိုက်ပေးပါ။
အဆုတ်ကင်ဆာ
အဆုတ်တစ်သျှူးတွေထဲမှာ မထိန်းချုပ်နိုင်လောက်အောင် ဆဲလ်တွေ ပေါက်ပွားနေတာကြောင့်ပါ။
ခံစားရတတ်သော လက္ခဏာရပ်များ - ကိုယ်အလေးချိန်လျော့ကျခြင်း၊ ကြာရှည်ညောင်းကိုက်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်းနဲ့ သွေးပါတဲ့ သလိပ်ထွက်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
သက်သာစေနိုင်သော နည်းလမ်း - အဖြူရောင် ဝိုင်အနည်းငယ်သောက်ပါ။ နယူးယောက်ရှိ ဘာဖလိုးတက္ကသိုလ်မှ လတ်တလော လေ့လာမှုအရ တစ်နေ့ဝိုင်ဖြူ တစ်ခွက်သောက်သူတွေဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၁၃ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။
နမိုးနီးယား အဆုတ်ရောင်ရမ်းနာ
အဆုတ်အတွင်းရှိ လေအိတ်ငယ်တွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ရတာပါ။
ခံစားရသော လက္ခဏာများ - ချောင်းခြောက်ဆိုးခြင်း၊ ညဘက်ချွေးထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
သက်သာစေနိုင်သော နည်းလမ်း - ကိုယ်အလေးချိန် လျှော့ချပါ။ အသက် ၂၀ နောက်ပိုင်း ပေါင် ၄၀ ကျော်တက်လာသူ အမျိုးသားတွေဟာ နမိုးနီးယားကို ပိုမိုခံစားရတတ်ကြောင်း သိရပါတယ်။
အဆုတ်သို့ သွားသော သွေးလွှတ်ကြောအတွင်း သွေးဖိအားတက်ခြင်း
နှလုံးနဲ့ အဆုတ်ကြားသွေးကြောတွေ ရောင်ရမ်းရတတ်ပါတယ်။
ခံစားရသော လက္ခဏာများ - နေ့စဉ်လုပ်ဆောင်ချိန်အတွင်း အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ ခြေကျင်းဝတ်တွေ ရောင်ရမ်းခြင်းနဲ့ နှုတ်ခမ်းတွေ ပြာနှမ်းခြင်းတို့ကို ခံစားရတတ်ပါတယ်။
သက်သာစေနိုင်သော နည်းလမ်း - ပိုတက်စီယမ်ဖြည့်စွက်ဆေးဟာ ကုန်ဆုံးသွားတဲ့ အာဟာရဓာတ်တွေကို ပြန်ဖြည့်ပေးနိုင်ကာ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။
Ref By - http://seinpanpyar.multiply.com
 
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget