Friday 8 March 2013

အသည်းကောင်းရလေအောင်

အသက်အရွယ် အလိုက် အဖြစ်များတဲ့ အသည်းထိခိုက်မှု အန္တရာယ်တွေ နည်းပါးအောင် လိုက်နာသင့်တဲ့ နည်းတွေကို အကြံပြုလိုက်ပါတယ်။
အသက် ၂၀ အရွယ်မှာ
အသည်းရောဂါ အများစုဟာ ပထမဆုံး အရက်သောက်ချိန်မှ စပြီး စဉ်ဆက် မပြတ် သောက်ခဲ့ရင် ၁၀ နှစ်အတွင်းမှာ စတင် ဖြစ်ပေါ်လေ့ရှိပါတယ်လို့ ဆောက်သမ်တန် ဆေးရုံမှ အသည်း အထူးကု ဒေါက်တာ နစ်ခ်ရှရွန်က ဆိုပါတယ်။

Tips!
ရေကညွတ်စားပြီး အသည်းရောဂါ ဖြစ်နှုန်းလျော့ကျအောင် ကာကွယ်ပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ လေ့လာမှုအရ ရေကညွတ်စားတာဟာ အသည်းမှာ အရက်ရဲ့ ထိခိုက်နိုင်စွမ်းအားကို လျော့ကျစေကြောင်း သိရတာကြောင့် ပါ။
အသက် ၃၀ အရွယ်မှာ
အသက်ငယ်စဉ်မှာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်သုံးတာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေကြောင့် အသည်းရောင် အသားဝါရောဂါပိုးတွေကို ကူးစက်ရရှိကာ အသည်းပျက်စီးစေနိုင်ပါတယ်။
Tips!
အမေရိကန်အမျိုးသားကင်ဆာတက္ကသိုလ်ရဲ့ လေ့လာမှုအရ ပုံမှန် ကော်ဖီတစ်ခွက် သောက်ပေးတာဟာ အသည်းရောင်အသားဝါ စီပိုးနဲ့ ဆက်စပ်နေတဲ့ အသည်းရောဂါ ဖြစ်နှုန်းကို တားဆီးပေးကြောင်း သိရပါတယ်။
အသက် ၄၀ အရွယ်မှာ
ခန္ဓာကိုယ်မှာ အဆီပိုတွေ အများကြီးရှိတာက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ဖြစ်စေနိုင်ပါ တယ်။
Tips!
ဆစ်ဒနီတက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်ပတ်မှာ တစ်နာရီခန့် အပိုလေ့ကျင့်ခန်း လုပ်တာဟာ ဗိုက်အဆီကို ၁၂ ရာခိုင်နှုန်းလျော့ကျစေကြောင်း သိရပါတယ်။
Ref By - http://seinpanpyar.multiply.com
 
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget