Sunday 10 March 2013

သင့်ခန္ဓာကိုယ်ကို ဘာကြောင့် အနားပေးဖို့ လိုအပ်တာလဲ

အလုပ်ကိစ္စတွေ၊ အိမ်မှုကိစ္စတွေ၊ လူမှုရေး အကြောင်းအရာတွေနဲ့ ရှုပ်ထွေး ပွေလီနေတဲ့အခါ သင့်ကိုယ်သင် ဂရုမစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဘာဝေ ဒနာမှ မခံစားရရင်တော့ သင့်ကိုယ်သင် ကျန်းမာနေတယ်၊ နေထိုင်ကောင်း တယ်ပဲ ထင်နေမိမှာပါ။ အားလုံး အဆင်ပြေပြေ ဖြစ်နေရင်တော့ သိပ်မသိသာပေမယ့် ဝေဒနာတစ်ခုခု ခံစားလာရတဲ့အချိန်မှာတော့ သင်ဟာ စိတ်ဖိစီးတာတွေ ဖြစ်လာတတ်ပါတယ်။ အဆင်မပြေတဲ့ အကြောင်းအရာတွေ ကြားမှာ သင့်ကိုယ်သင့် စိတ်ဖိစီးမှု ဖြစ်နေတယ်ဆိုတာကို သိချင်မှလည်း သိပါလိမ့်မယ်။ အခုရေးသားမယ့် အ ကြောင်းအရာတွေကတော့ သင့်ခန္ဓာ ကိုယ်ကို အနားယူဖို့ လိုအပ်နေကြောင်း သက်သေပြနေတာတွေပါ။

၁) ခေါင်းကိုက်ခြင်း
တစ်ပတ်လုံးခံစားခဲ့ရတဲ့ စိတ်ဖိစီးမှု တွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ဝေဒ နာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် သင် ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။
၂) ကြွက်တက်ခြင်း
တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်း တဲ့အခါြွကက်တတ်တာကို နာနာကျင် ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာ ကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှဖြစ်တာကြောင့်ပါ။ အဲဒဲဒဲဒီလီလီလိုမိုမိုမဖြစ်ရ်ရလေအောင်အားက စားခန်းမသွားပြီး တတ်ကျွမ်းတဲ့နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေ ကို ဂရုတစိုက် သင်ယူလေ့ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင် ချက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။
၃) မေးရိုးနာကျင်ခြင်း
သင်သွားကြိတ်တာကြောင့် ဖြစ်ရ တာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့ အခါ ညအိပ်နေရင်း သင်မသိလိုက်ပေ မယ့် သွားကြိတ်မိတတ်ပါတယ်။ အဲဒဲဒဲဒီလီလီလိုမိုမိမဖြစ်ရ်ရလေအောင်သွားကို ကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ် ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ် အောင် ကာကွယ်နိုင်ပြီး တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက် မှု ရှိပါတယ်။
၎) သွားဖုံးသွေးယိုခြင်း
စိတ်ဖိစီးမှုများတဲ့လူတွေဟာ သွားနဲ့ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်း များပါတယ်။ ကြာရှည်စိတ်ဖိစီးတာ ကြောင့် ထွက်လာတဲ့ကော်တီဇော (Cortisol) ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ခုခံ အားစနစ်ကို လျော့နည်းစေတာကြောင့် သွားဖုံးမှာ ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်း ပိုရသွားပါတယ်။ အဲဒဲဒီလီလိုမုမဖြစ်ရလေအောင် ညစာ စားပြီးတဲ့ အခါတိုင်း သွားတိုက်ပေးပါ။
၅) အိပ်နေရာမှ လန့်နိုးခြင်း
တစ်ခါတစ်ရံ အိပ်ပျော်နေရင်း မကြာ ခဏလန့်နိုးနေတာမျိုး သင်ဖြစ်ဖူးမှာပါ။ သတိမထားမိပါဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လှန့်နိုးနေတာပါ။ အဲဒီလိုမဖြစ်ရလေအောင် တစ်နေ့ ကို ၇-၈ နာရီလောက်အိပ်ချိန်ရပါစေ။ အိပ်ခါနီး ကက်ဖင်းဓာတ်ပါတာတွေနဲ့ အရက်သောက်သုံးတာကို ရှောင်ကြဉ်ပါ။
၆) ဝက်ခြံထွက်ခြင်း
စိတ်ဖိစီးမှုများတဲ့အခါ သင့်အရေ ပြား ရောင်ရမ်းရာကနေ ဝက်ခြံတွေထွက် တတ်ပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် ဆယ်လီ စလစ်အက်စစ် (Salcylic acid) နဲ့ ဘန် ဇွိုင်းပါအောက်ဆိုဒ် (Benzoyl peroxide) တွေပါဝင်တဲ့ လိုးရှင်းတွေ လိမ်းပေး ပါ။ အရေပြားခြောက်သွေ့နေရင် အစို ဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်ခုခုပါ ထပ်လိမ်းပေးပါ။ ရက်အနည်းငယ်အ တွင်း မသက်သာခဲ့ရင် ဆရာဝန်နဲ့ပြသ တိုင်ပင်ပါ။
၇) နာကျင်ကိုက်ခဲခြင်း
စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီး မှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါး နာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ် တတ်ပါ သေးတယ်။ အဲဒီလိုမဖြစ်ရလေအောင် လေ့ ကျင့်ခန်းလုပ်ပါ။ စိတ်ကို ဖြေလျှော့ပါ။ အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget