အဆစ်ရောင်ရောဂါ ရှိသူတွေဟာ ရွေ့လျားမှုပြုလုပ်ရာမှာ အကန့်အသတ် ရှိတာကြောင့်
နေ့စဉ်ပြု လုပ်နေကျ အလုပ်တွေကို ပြီးဆုံးအောင်လုပ်ဖို့ ခက်ခဲတတ်ပါတယ်။
ဒါ့အပြင် အိပ်စက် ရာမှာ အနှောင့်အယှက် ဖြစ်စေတတ်ပါ တယ်။ ခါးကိုက်တာ၊ တင်ပါး
လက်မောင်းနဲ့ ခြေထောက် နာကျင်တာ တွေကြောင့် အိပ်ရေး ပျက်တတ်ပါ တယ်။
အဆစ်ရောင်ရောဂါရှိသူ သုံးယောက်မှာ နှစ်ယောက်ဟာ အိပ်စက်မှုဆိုင်ရာ
ပြဿနာတွေဖြစ် တတ်ပါတယ်။ အဆစ်ရောင် တာကြောင့် အိပ်ရေးပျက်ရုံမက
အိပ်ရေးပျက်တာကြောင့်လည်း အဆစ်ရောင်တဲ့ အခြေအနေ ပိုဆိုးစေ တတ်ပါတယ်
။
အရိုးအဆစ်ရောင်ရောဂါဟာ အရိုးကို အကာအကွယ်ပေးထားတဲ့ အရိုးနုတွေ ပျက်စီးရာမှ
စတင်ဖြစ် ပေါ်တတ်ပါတယ်။
ဘာကြောင့် ဖြစ်မှန်း တိတိကျကျ မသိပေမယ့် မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန်၊
အသက်အရွယ်တွေနဲ့ သက်ဆိုင်တယ်လို့ ထင်မှတ်ကြပါတယ်။ အဆစ်နာပြီး ရောင်
ရမ်းတာဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ မော်လီကျူးတွေက အဆစ်ထဲ ကို
ရောက်ရှိသွားတာကြောင့်ပါ။အိပ်ရေး မဝတာကြောင့် သွေးဖြူဥမှ ပြုလုပ်တဲ့
ရောင်ရမ်းမှုပစ္စည်း Interleukin-1 (LL1) တွေ များပြားလာပြီး အရိုးအဆစ်ရောင်
ရောဂါဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ အိပ်ရေး မဝတာကြောင့် ခုခံအားစနစ်ဟာ
အလုပ်အလွန်လုပ်ရပြီး LL1 ထုတ်လုပ်တဲ့ သွေးဖြူဥတွေဟာ အဆစ်အတွင်း ကပ်ရင်း
အရိုးနုကို စားကာ အဆစ်ရောင်ရမ်း မှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ရောင် ရမ်းမှုအဆင့် အနိမ့်ဆုံးဖြစ်ပြီး အနာ
ကျက်ဖို့ အခွင့်အလမ်းတွေ ပိုများပါ တယ်။ အိပ်ချိန်ရဲ့ ၁၅ မှ ၂၅
ရာခိုင်နှုန်း ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့် (Deep Sleep)
ဖြစ်သင့်ပြီး ညစဉ် တစ်နာရီခွဲမှ နှစ်နာရီအထိ ရှိသင့်တယ် လို့
ဆိုပါတယ်။ဒီအချိန်မှာ ခုခံအားစနစ် အသန်မာဆုံးအချိန်နဲ့ စွမ်းအင်တွေ ပြန်လည်
ပြည့်ဝတဲ့အချိန်လည်း ဖြစ်ပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် ၄၅ မိနစ်လောက် အချိန်ယူရပြီး
ဒီအဆင့်ဟာလည်း အိပ်ချိန်ရဲ့ ပထမ တစ်ဝက်မှာသာ ရရှိတတ်တယ်လို့ ဆိုပါတယ်။
အိပ်ပျော်နေစဉ် အတွင်းခန္ဓာကိုယ် ရွေ့လျားနေတာဟာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်တဲ့ အဆင့် မဟုတ်ပါဘူး။အဆစ်ရောင်ရမ်းတာဟာ ခန္ဓာကိုယ်တွင်း
ရောင်ရမ်းပစ္စည်းတွေ များပြားနေတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အဆစ်ဝေဒနာ
သက်သာစေဖို့အတွက် လိုအပ်တဲ့ ဟော်မုန်း အလုပ်လုပ်မှုကိုလည်း
နှောင့်ယှက်တာကြောင့်ပါ။ ကြီးထွားဟော်မုန်းတွေဟာ နေ့အချိန်မှာ အနည်းငယ်သာ
ထွက်ရှိတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်နေစဉ် အတွင်းမှာ အများအပြား
ထွက်ရှိလာပါတယ်။ ဒီကြီးထွားဟော်မုန်း တွေဟာ တစ်သျှူးတွေကို ပြန်လည်ပြု
ပြင်တာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာ နဲ့ အရိုးနဲ့ ကော်လဂျင်တွေကို ပြန်လည်
အစားထိုးတာ အပါအဝင် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ အများစုအတွက် အ
ရေးကြီးပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ် ကြောင့် ကြီးထွားဟော်မုန်းတွေ လျော့
နည်းတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် တာကြောင့် ဒီဟော်မုန်းတွေ
မြင့်တက် လာပါတယ်။
No comments:
Post a Comment