
ဒါကြောင့် လူအ များစုဟာ ပုံမှန်အချိန်ဆိုရင် ညဥ့်လယ်မှာ ဝမ်းသွားလိုစိတ် မဖြစ်ပေါ်ကြတာပါ။ ပြီး တော့ ကျောက်ကပ်က ထုတ်လုပ်တဲ့ ဆီး အဆက်မပြတ်ကို သိုလှောင်ရာ ဆီးအိတ် ကလည်း ညအိပ်စဉ် တဖြည်းဖြည်းချင်း ပမာဏတစ်ခုအထိ ပြည့်လာပါတယ်။ ပုံ မှန်အားဖြင့် လူတွေဟာ ဆီးမသွားဘဲ ၆-၈ နာရီခန့်အထိ အိပ်မောကျနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လူတွေအဖို့ ညဘက် အိပ် မောကျပြီး နံနက်ခင်းမှာ ဆီးသွားချင် စိတ်ကြောင့် အိပ်ရာက နိုးရတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိပ်ရာမဝင်ခင် ရေနဲ့ အရည် တွေ များများသောက်ထားတာ၊ တချို့ ဆေးတွေ သောက်တာနဲ့ ကျန်းမာရေးအ ခြေအနေ တချို့ကြောင့် ညဘက်မှာပါ ဆီးသွားချင်လို့ အိပ်ရာက နိုးထရတတ် ပါတယ်။
ကြယ်စင်

No comments:
Post a Comment