ဒီနည်းလေးက ဘာမှတော့မဟုတ်ပါဘူး။ ကွန်ပျူတာမှာ Diary ရေးချင်သူများအတွက်
ပါ။ သူက Notepad နဲ့ ရိုးရိုးရေးတာကိုမှ နည်းနည်းလေး ကညွှန့်လိုက်တာပါ။
ကျွန်တော်တို့ ပုံမှန်ရေးတယ်ဆိုရင် Notepad က ရက်စွဲကို မမှတ်ပေးပါဘူး။
ဒီနည်းလေးက ရက်စွဲလေးပါ တစ်ခါတည်းမှတ်ပေးထားပါတယ်။ ဘယ်လိုလည်းဆိုရင်
Notepad ကိုဖွင့်ပါ။ ဘာမှမရေးသေးပဲနဲ့။ ထိပ်ဆုံးမှာ .LOG ဆိုတာကို ရေးပါ။
ပြီးမှ မိမိရေးလိုသော Diary ကိုစရေးပါ ။ ပြီးရင် save လုပ်တဲ့အခါမှာ
unicode နဲ့ save ပါ။ ဒါမှပြန်ဖွင့်တဲ့အခါ မြန်မာလို မြင်ရမှာဖြစ်ပါတယ်။
အောက်ကပုံလေးကို နမူနာကြည့်ပါ။
CREDIT & COPY FROM>>> MHUTHAW |
No comments:
Post a Comment