မသိသေးသောသူများအတွက်ပါ....
ကျွန်တော်တို့ internet ကို ဆိုင်မှာသုံးနေရင်းနဲ့ လိုင်းကျသွားရင် လုပ်သင့်တဲ့အလုပ်တွေ ရှိပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက facebook
သုံးသူတွေအတွက်ပါ။ သုံးနေရင်းနဲ့လိုင်းကျသွားရင် Log out လုပ်ရတာ
အခက်အခဲတွေ့နိုင်ပါတယ်။ အဲဒီအခါ ဘာလုပ်မလဲ။ ကျွန်တော်တို့ရဲ့ Browser က
facebook နဲ့ပတ်သတ်တဲ့ data တွေ(email, password) ကို cookies
အဖြစ်နဲ့သိမ်းထားပါတယ်။ အဲဒါတွေကိုရှင်းခဲ့ရပါမယ်။ Firefox Browser ရဲ့
menu bar က Tools အောက်က Options ကိုရွေးလိုက်ပါ။ ပြီးရင် Privacy ဆိုတဲ့
tab ကို ပြောင်းလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။
![internetshop](http://webtut.6te.net/wp-content/uploads/2010/06/internetshop.png)
Firefox will ဆိုတဲ့ drow down list box မှာ Use custom settings for history ကိုရွေးလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။
![internetshop2](http://webtut.6te.net/wp-content/uploads/2010/06/internetshop2.png)
အဲဒီမှာ Show Cookies ကို click လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။
![internetshop3](http://webtut.6te.net/wp-content/uploads/2010/06/internetshop3.png)
အဲဒီထဲမှာ ကိုယ်ရှင်းချင်တဲ့ site ကိုရွေးလိုက်ပါ။ ဒီနေရာမှာတော့ facebook.com ပေါ့။ select လုပ်ပြီး Remove Cookies ကို click
လုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ facebook data တွေအတွက် စိတ်ချရပါပြီ။
No comments:
Post a Comment