Sunday 10 March 2013

ကုလားဆီးဖြူသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကုလားဆီးဖြူသီးကို ဆေးဖက်ဝင် အသီးတစ်မျိုးအဖြစ် အသုံးပြုကြပါ တယ်။ ကုလားဆီးဖြူသီးက သဘာဝ အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါ စနစ်အားလုံးကို အားသစ်လောင်းပေးပြီး ခွန်အားနဲ့ ကျန်းမာရေး ကောင်းမွန်မှုကို ရရှိစေပါတယ်။ ကုလား ဆီးဖြူသီးကို သဘာဝ ဗီတာမင်စီ အများဆုံး အသီးထဲမှာ ပါဝင်တယ် လို့ ဆိုထားပြီး လတ်ဆတ်တဲ့ ဆီးဖြူသီးဖျော်ရည် တစ်ခွက်မှာ လိမ္မော်ရည်ထက် ဗီတာမင်စီ အဆ ၂၀ နီးပါး ပါဝင်နေပါတယ်။ ကုလားဆီးဖြူသီးရဲ့ အကျိုးကျေးဇူးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်

အစာအိမ်အူလမ်းကြောင်း စနစ်ကို ကျန်းမာစေခြင်း
ကုလားဆီးဖြူသီးဟာ အစာမကြေတာ၊ အက်စစ်ဆန်တက်မှု များပြီး ရင်ပူတာ၊ ဝမ်းချုပ်တာ၊ လေပွတာစတဲ့ အစာအိမ် အူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာပျောက်ကင်းစေ ပါတယ်။ အသည်းလုပ်ငန်း ဆောင်တာ ကောင်းမွန်ခြင်း ကုလားးဆီး ဖြူသီးဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက် ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း စနစ်ကျန်းမာခြင်း
 ကုလားဆီးဖြူသီးစားတာက ပိုးမွှားကူးစက်နှုန်းကို လျော့ကျစေတဲ့အ တွက် အအေးမိတာ၊ ချောင်းဆိုးတာနဲ့ တခြားအသက်ရှူလမ်းကြောင်း ပိုးဝင်တာ တွေကို လျှော့ချနိုင်ပါတယ်။
ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း
ခန္ဓာကိုယ်တစ်ခုလုံး အထွေထွေ အားနည်းတာကို ပြေပျောက်စေပြီး ကိုယ်ခံ စွမ်းအားစနစ်ကောင်းမွန်ကာ ရောဂါ ဝေဒနာတွေကို တွန်းလှန်နိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေ လျော့ကျခြင်း
ကုလားဆီးဖြူသီးက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂပ်စ်ပိုးကူးစက်မှုမဖြစ် အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျအောင် ကူညီပေးပါတယ်။
နာကျင်ရောင်ရမ်းမှု လျော့ကျခြင်း
ကုလားဆီးဖြူသီးမှာ ရောင်ရမ်းမှု ကျစေ တဲ့ အာနိသင်ရှိတာကြောင့် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဦးနှောက်အတွက် အာဟာရ- ကုလားဆီးဖြူသီးဟာ မကောင်းတဲ့ ကိုလက် စထရောလျော့ကျကာ သွေးတွင်း သကြား ဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ဦးနှောက်အတွက် အာဟာရပေးကာ မှတ်ဥာဏ်ကောင်းမွန်စေပါတယ်။
နာ့ဗ်ကြော ကျန်းမာစေခြင်း
ကုလား ဆီးဖြူသီးဟာ နာ့ဗ်ကြောတွေကို အာဟာ ရဖြည့်ပေးတာကြောင့် သွက်ချာပါဒဖြစ် တဲ့အခြေအနေကို သက်သာစေပါတယ်။
အရေပြားကို ကျန်းမာစေခြင်း
ကုလားဆီးဖြူသီးဟာ အရေပြားမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိတာကြောင့် အရေပြားကို ကျန်းမာစေပါတယ်။
အနာကျက်စေခြင်း
ကုလားဆီးဖြူ သီးဟာ အနာကျက်စေတဲ့ ဖြစ်စဉ်ကို အားကောင်းအောင် ကူညီပေးတာကြောင့် အနာကုသရာမှာ အသုံးဝင်ပါတယ်။
ကြယ်စင်

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget