
- သွားတစ်သက်တာ ခိုင်မြဲစေဖို့က ဂရုစိုက်ရပါမယ်။ ဂရုစိုက်ဖို့ဆိုရင် အိမ်မှာ သွားတိုက်တဲ့အခါ စနစ်မှန်၊ နည်းမှန် အသုံးပြုတဲ့ အလေ့အကျင့် ရှိရပါမယ်။
- ဆေးဝါးအနေနဲ့ သွားကိုက်ရင် လစ် စထရင်း ပလုတ်ကျင်းဆေးရည်တို့ကို အသုံးပြုပြီး ပလုတ်ကျင်းပေးရပါမယ်။
- ဆောင်သင့်တဲ့အချက်က သွားကောင်း စေနိုင်တဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ သွားကောင်းစေနိုင်တဲ့ အစားအစာတွေကတော့ ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေပါပဲ။
- ရှောင်သင့်တာတွေက အရက်၊ ကွမ်း၊ ဆေးလိပ်စတာတွေ သောက်စားတဲ့ အလေ့အကျင့်တွေ ရှောင်ရပါမယ်။ မာတဲ့အစာ၊ ချဉ်တဲ့အစာနဲ့ ပါးစပ်ထဲ လက် ကိုက်တာ၊ ပုလင်းဖုံးဖွင့်တာတွေ ရှောင် မယ်ဆိုရင် တစ်သက်တာ သွားကောင်း စေနိုင်ပါတယ်။ ဒါက အတိုချုပ်ပါ။ အသေးစိတ် ထပ်ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။
- တချို့လူတွေရဲ့ သွားတွေဟာ မွေး ကတည်းက မကောင်းပါဘူး။ ဒီတော့ သွားတွေ ပျက်စီးလွယ်သူတွေ၊ မြန်မြန် ထိခိုက်လွယ်သူတွေအတွက် ရွေးပြော ရမယ်ဆိုရင် သုံးလကိုတစ်ကြိမ်၊ တစ်နှစ်ကို လေးကြိမ်လောက် သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အဲ... သွားရောဂါကို ပုံမှန်စစ်ဆေးတယ်။ သွားပျက်စီးတာလည်း နည်းနေရင်တော့ သွားဆေးခန်း တွေကို ခြောက်လတစ်ကြိမ်နဲ့ တစ်နှစ် နှစ်ကြိမ်လောက် စစ်ဆေး တိုင်ပင်ပြီး ကုသသင့်ပါက ကုသမှုခံယူသင့်ပါတယ်။
ဒေါက်တာမိုလာ

No comments:
Post a Comment