
ဆာဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းထက် ပိုမိုလျှော့ချနိုင်ကြောင်း ဟားဗတ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အက်စပရင်ကို ပမာဏအနည်းငယ်ပေး ရင်တောင် အူမကြီးနဲ့ အစာအိမ်ကင်ဆာ ကို သိသိသာသာလျှော့ချနိုင်ကြောင်း သု တေသီတွေက တွေ့ရှိခဲ့ပါတယ်။ အက်စ ပရင် ဆေးဝါး ၁၀ဝ မီလီဂရမ်ကို တစ် ရက်ခြား သောက်တဲ့ အမျိုးသမီးတွေဟာ နှစ်ပေါင်း ၂၀ အကြာမှာ အူမကြီးကင် ဆာဖြစ်နိုင်ခြေ ၄၃ ရာခိုင်နှုန်း လျှော့ချ နိုင်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း သိရပါ တယ်။ မကြာခင်ကပြုလုပ်တဲ့ လေ့လာမှု အများအပြားအရ အက်စပရင်ဆေးဝါး ဟာ ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး ဖြစ်ပြီး သားကင်ဆာတွေရဲ့ ပြန့်ပွားမှုကို လည်း လျှော့ချနိုင်တယ်လို့ သိရပါတယ်။အက်စပရင်ဆေးဝါးဟာ ကင်ဆာ ရောဂါကို ဘယ်လို ကာကွယ်နိုင် သလဲဆိုတာကို ကျွမ်းကျင်သူတွေက တိတိကျကျ မသိရှိ ကြပေမယ့် အဲဒီဆေးဝါးဟာ ခန္ဓာကိုယ် တွင်းမှ ဒုက္ခပေးတဲ့ ဓာတုပစ္စည်း ဒါမှမ ဟုတ် အင်ဇိုင်းကို ပိတ်ပင်နိုင်တာကြောင့် လို့ ထင်မှတ်ကြပါတယ်။ ကင်ဆာဖြစ် အောင် လှုံ့ဆော်နိုင်တဲ့ ဃသထ-၂ အင်ဇိုင်း ကို ပိတ်ပင်နိုင်တာကြောင့်လို့ ဆိုပါတယ်။ အက်စပရင်ဆေးဝါးဟာ နှလုံးတိုက် ခိုက်ခံရတာ၊ လေဖြတ်တာနဲ့ ကင်ဆာ ရောဂါကို ကာကွယ်နိုင်ပေ မယ့် ပမာဏ များစွာ အသုံးပြုခဲ့ရင် အစာအိမ်တွင်း သွေးယိုတာအပါအဝင် ဆိုးကျိုးတွေဖြစ် စေတတ်ပါတယ်။

No comments:
Post a Comment