Friday 8 March 2013

အမွေးအမှင်ထူလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား





ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ ထူတာကြောင့် သင့်စိတ်ကို အနှောင့်အယှက်ဖြစ်ရတယ် ဆိုရင်
လက်တွင် အမွေးအမှင်များရှိခြင်း
သင့်လက်မွေးတွေရှည်ပြီး ထူထဲနေတာကြောင့် သူငယ်ချင်းတွေ လှောင်ပြောင်တာက သင့်စိတ်မှာအ နှောင့်အယှက်တစ်ခုလို ခံစားနေရပါသလား။
ဘယ်လိုဖြေရှင်းမလဲ
သင့်အမေနဲ့ အဒေါ်တွေမှာ သင့်လိုပဲ လက်မွေး တွေ များစွာရှိသလားဆိုတာ မေးပါ။ ဆယ်ကျော် သက်အရွယ်မှာ ခန္ဓာကိုယ်ရဲ့ ပုံပန်းသဏ္ဌာန်ကို အထူး ဂရုပြုတတ်တာကြောင့် သင့်လက်မှာ အမွေးတွေရှိ နေတာကို အလိုမကျဖြစ်တတ်ကြပါတယ်။ လက်မွေး တွေကို ဖယ်ရှားဖို့အတွက် ဓာတုပစ္စည်းတွေနဲ့ ဖော် စပ်ထုတ်လုပ်ထားတဲ့ အမွေးကျွတ်ဆေးတွေကို အသုံး ပြုနိုင်ပါတယ်။ ဘယ်အမျိုးအစား သုံးသင့်သလဲဆို တာ သိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အမွေးတွေ ဖယ် ရှားပြီးပါက အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ အ မွေးကြမ်းတွေ ပြန်ထွက်လာနိုင်တာကြောင့် လက် မွေးတွေကို ရိတ်တာမျိုးတော့ မလုပ်သင့်ပါဘူး။
မျက်ခုံးမွေးထူခြင်း
မျက်ခုံးမွေးထူလွန်းတာကြောင့် သင့်မျက်နှာမှာ ခူကောင်နှစ်ကောင်တင်ထားတဲ့ ပုံစံနဲ့ ဆင်တူနေလို့ စိတ်အလိုမကျ ဖြစ်နေပါသလား။
ဘယ်လိုဖြေရှင်းမလဲ
မျက်ခုံးမွေးထူတာကို ဖြေရှင်းဖို့ အလွန်လွယ်ကူ ပါတယ်။ သင်လိုချင်တဲ့ မျက်ခုံးမွေးပုံစံအတိုင်း ရနိုင်ဖို့ မလိုအပ်ဘဲ ပိုနေတဲ့ မျက်ခုံးမွေးတွေကို ဇာဂနာနဲ့ နုတ်ပေးပါ။
ခြေသလုံးမွေးထူခြင်း
သင့်ခြေသလုံးမွေးတွေကို မကြာခဏ ရိတ်နေတာကြောင့် အမွေးကြမ်းတွေထွက်လို့ စိတ်တိုင်းမကျ ဖြစ်နေပါသလား။
ဘယ်လိုဖြေရှင်းမလဲ
ခြေသလုံးမွေးတွေကို အနည်းငယ်ရှည်လာတာနဲ့ မရိတ်ပါနဲ့။ တစ်လက်မရဲ့ လေးပုံတစ်ပုံလောက် ရှည်အောင်ထားပြီးမှ အမွေးကျွတ်ဖယောင်းလိမ်း ကာ ချွတ်ပေးပါ။ ဒီနည်းက အနည်းငယ်နာကျင်မှုရှိပြီး အရေပြားနဲ့ မတည့်ပါက ယားယံမှုဖြစ်စေနိုင်ပါတယ်။ အမွေးကျွတ်ဖယောင်း လိမ်းရာမှာလည်း မနည်းမများ ပမာဏကို သင့်တော်သလို အသုံးပြုရမှာ ဖြစ်ပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget