Friday 8 March 2013

ရှာလာကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာရောဂါ စစ်ဆေးသည့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ


အိန္ဒိယနိုင်ငံရှိ ဆရာဝန်များ က ရှာလကာရည်ကို အသုံးပြု ထားသော သားအိမ်ခေါင်း
ကင်ဆာဖြစ်ပွားမှု အခြေအနေရှိ၊ မရှိ စမ်းသပ်ရန် နည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ပုံမှန်အားဖြင့်သားအိမ်ခေါင်းကင်ဆာကိုဖြစ်ပွားစေနိုင်သည့်ပုံမှန်မဟုတ်သောဆဲလ်များကိုသားအိမ် အတွင်းမှခြစ်ယူ၍စမ်းသပ်ရခြင်းဖြစ်ရာ ထိုစစ်ဆေးစမ်းသပ်မှုမှာငွေကြေးကုန်ကျများပြားပြီး အထူးပြုလုပ်ထားသောကိရိယာများလည်းလိုအပ် သည်။
ထို့ကြောင့်အိန္ဒိယဆရာဝန်များ၏ ယခုတွေ့ရှိသော ရှာလကာရည် အသုံးပြုနည်းလမ်း အသစ်မှ အထောက်အကူပြုလာနိုင်ဖွယ် ရှိသည်။ သားအိမ်ခေါင်း ကင်ဆာ သည် အမေရိကန်နိုင်ငံတွင် အခြားသော ရောဂါများထက် အမျိုးသမီးများကို ပိုမိုသေဆုံးစေ နိုင်သော ရောဂါတစ်ခုဖြစ်သည်။
အမေရိကန်နိုင်ငံ၌ pap smear ဟုခေါ်သော ရောဂါစမ်းသပ်မှု ကို ဆယ်စုနှစ်တစ်ခုကြာ သုံးစွဲ လာခဲ့ကြခြင်းဖြစ်သည်။ ထိုစမ်း သပ်မှုဖြင့် စောစီးစွာ စစ်ဆေးပြီး ကုသမှုခံယူကြရသည်။ အိန္ဒိယ တွင်မူတစ်နှစ်လျှင် အမျိုးသမီး ဦးရေ တစ်သောင်းခန့်မှာ သား အိမ်ခေါင်းကင်ဆာကြောင့် အသက်ဆုံးရှုံးနေကြရသည်။
လေ့ကျင့်သင်ကြား ပေးထားသူများ၊ ကောင်းမွန်သော ဓါတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ လိုအပ်သည့် pap smear စမ်းသပ်မှုမှာ အိန္ဒိယတွင် အများအပြား အသုံးပြုနိုင်လေ့ မရှိသော်လည်း မိမိတို့ အနေဖြင့်မိန်းမသားတို့၏အသက်ကိုမဆုံး ရှုံးစေလိုကြောင်း မွမ်ဘိုင်းမြို့ရှိ တာတာမန်မိုရီရယ်ဆေးရုံမှကင်ဆာ အထူးကုဒေါက်တာ ဆူရန်ဒြာသျှတ္တရီကဆိုသည်။ ၄င်းပြသနာကို ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် နှင့်အခြားတက္ကသိုလ်များရှိ သိပ္ပံ “ပညာရှင်များကဈေးသက်သာ၍ အလွယ်တကူပြုလုပ်နိုင်သောရိုးရှင်းသည့်စမ်းသပ်နည်းတစ်ခုဖြင့် အဖြေထုတ်ခဲ့ကြသည်။
အက်ဆီတစ်အက်စစ်ခေါ် ရှာလကာရည်ဖြင့် စမ်းသပ်ရသော ထိုနည်းလမ်းတွင် လျှပ်စစ် စွမ်းအား လုံးဝမလိုပေ။ ယင်းစမ်းသပ်မှုတွင် သန့်စင်သောရှာလကာရည်အားအမျိုးသမီး၏သားအိမ်ခေါင်းဝသို့ ဂွမ်းစနှင့်သုတ်ပေးပြီး တစ်မိနစ်ခန့်ကြာသောအခါ၌ ရာဂါပိုးရှိလျှင် သားအိမ်ခေါင်းဝမှာ အဝါရောင်သို့ပြောင်းလဲသွားသည်ကိုတွေ့ရသည်။
ထိုသို့ပြောင်းလဲ သွားခြင်းသည် ကင်ဆာဖြစ်စေနိုင်သော ရောဂါပိုးများ ရှိနေခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။ ထိုကဲ့သို့ အမျိုးသမီးလိင်အင်္ဂါကို စမ်းသပ်စစ်ဆေးမှုသည် အခြားသော ဈေးကြီးသည့် စမ်းသပ်မှုများထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့ကြသည်။
အကယ်၍ ယခုစမ်းသပ်မှုမှ အလုံးစုံ အောင်မြင်ပြီး ဆက်လက် ကျင့်သုံးနိုင်မည် ဆိုပါက အိန္ဒိယ နိုင်ငံရှိ အမျိုးသမီးထောင်ပေါင်းများစွာ တို့၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သည်။

SHADE Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget