Friday 8 March 2013

ဆေးဖက်ဝင်ဆူးပန်းနှင့် ဆူးပန်းအသီး





တရုတ်ဆေးဝါး ဖော်စပ်ရာတွင် ဆေးအမျိုးမျိုး၌ ဆေးဖက်ဝင် ဆူးပန်းနှင့် ဆူးပန်း အသီး အစေ့ကို ထည့်သွင်း ဖော်စပ်ကြရ၏။ ဆူးပန်း၊ ဆူးပန်း အသီးနှင့် အစေ့ကို ဓာတ်ခွဲ ကြည့်ရာ တွင် ဗီတာမင် B၊ B2 ၊C ၊ ကယ်လ် ဆီယမ် ၊ မုန်လာဥဓာတ်၊ သံဓာတ် A ၊ မီးစုန်းဓာတ်၊ အစုံအလင် ပြေွါကယ်ဝစွာ ပါဝင်နေ၏။ သွေး အားနည်းသူ၊ သက်ကြီးရွယ်အို များအဖို့ နေ့စဉ်မှီဝဲ စားသုံးသင့်သည် ဖြစ်၏။ စားသုံးနည်းမှာ ဆွတ်ခူး သို့မဟုတ် ဝယ်ယူရရှိသော ဆူးပန်း၊ သေချာစွာ ဆေးကြော သန့်စင်ပြီးလျှင် ရေခဲသေတ္တာ ထဲ၌ ထားသိုထားပါ။ စားသုံးလိုသော အခါ၌ ရေခဲသေတ္တာတွင်းမှ ထုတ်ယူပြီးလျှင် မြေပဲစားသလို ကျွတ်ကျွတ်လေး ဝါးစားနိုင်သည်။ ချိုမွှေးသော အရသာရှိသဖြင့် စားလို့ ကောင်းပါသည်။တစ်ကြိမ် စားလျှင် ၃ လုံးခန့် စားနိုင်သည်။ မျက်စိအနီးမှုန် သူများအတွက် မျက်စိအားကောင်းစေ နိုင်သည်ဆိုသည်။ ဆေးဖက်ဝင်လှသဖြင့် များများနှင့် နှစ်ရှည်လကြာစားလည်း ဘေးဥပဒ်မဖြစ်စေနိုင်ပါ။

ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Health Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget