Saturday 9 March 2013

အီတြာကွေးများတွင် အကြော်ဆီများ သုံးသည့်အတွက် ကင်ဆာနှင့် ကျောက်ကပ်ပျက်စီးနိုင်

လက်ဖက်ရည် ဆိုင်အများစု တွင်ရောင်းချ လျက်ရှိ သော အီကြာကွေးများတွင် အမိုးနီးယား (NH3) ဓာတု ဆေးဝါးတစ် မျိုးကိုတွေ့ရှိကြောင်း စားသုံးသူများ ကာ ကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ၁၈-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။
"ရွှေပြည်သာ မြို့နယ်က ထန်းခြောက်ပင် ဈေးမှာရှိတဲ့ လက်ဖက်ရည် ဆိုင်တစ်ဆိုင် ကိုဝင်စစ်တာ၊ အီကြာ ကွေး က သေးနံ့နံနေတယ်။ စစ်ကြည့်တော့ အမိုးနီး ယား(NH3) ဓာတုဆေး တစ်မျိုးသုံး ထားတာတွေ့ တယ်။ အဲဒါသုံးရင် အီကြာ ကွေးကမွပြီး ရောင်းပန်း လှလို့ သုံးတာပါ ဆိုပြီးပြောတယ်။ ပြီးတော့ ကြော်ပြီး သား ဆီတွေပြန်သုံး တာရှိသေးတယ်။ အဲဒါကို လည်း အီကြာကွေး၊ ပလာတာ၊ စမူဆာ တွေမှာသုံးတယ်။ အကြော်ဆီ ပြန်သုံးထား တဲ့ ဟာတွေစားရင် ပါးစပ်ထဲ မှာ ချွဲပျစ်ပျစ် ကြီးဖြစ်နေတတ်တယ်။
ဒါတွေက ကျန်း မာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ အတွက်ပြည်သူ တွေအနေနဲ့ ဆင်ခြင်သင့်တယ်" ဟု ဦးဗအုပ် ခိုင်က ပြောကြားသည်။ အမိုးနီးယား (NH3) ကို အဲယား ကွန်း၊ ရေခဲစက်၊ ရေခဲသေတ္တာ စသည်တို့ ၏ ဂက်စ်ပိုက်လိုင်း တွင်သာ သုံးခြင်းဖြစ် ကြောင်း၊ ကြော်ပြီးဆီများကိုလည်း အရောင်ပြန်ချွတ်၍ အနံ့ရောကာ ပြန်သုံး စွဲနေခြင်းဖြစ်ပြီး ဆီများမှာ အရမ်းချွဲ ကြောင်း၊ အဆိုပါ အရာများကို စားသုံးမိ ပါက အသည်းကင်ဆာ၊ ကျောက်ကပ် ပျက်စီးခြင်းများ ဖြစ်ကြောင်းသိရသည်။
စိုးယုဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget