Sunday 10 March 2013

ဆောင်းရာသီတွင် တစ်မိသားစုလုံး ကျန်းမာစေရန် မိခင်များအတွက် လမ်းညွှန်

ဆောင်းရာသီမှာ အိမ်ထဲနေရတာ ထက် အိမ်အပြင်ထွက်ရတာက စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေ ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု ကိုလည်း ပိုကောင်း စေပါတယ်။ ဒါကြောင့် တစ်မိသားစုလုံး ကျန်းမာ အောင် ဂရုစိုက်ပြုစုနေရတဲ့ မိခင်တွေ အနေနဲ့ ကလေးတွေကို စောင်တွေ အထပ်ထပ် ခြုံပေးထားမယ့်အစား နွေးထွေးတဲ့ အဝတ်အစား ဝတ်ဆင်ပေးပြီး တစ်မိသားစုလုံး အောက်ပါ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။
လမ်းလျှောက်ပါ - လမ်းလျှောက်တာ က လွယ်ကူပါတယ်။ ရှူးဖိနပ်ကောင်း ကောင်းတစ်ရန်ရှိရုံနဲ့ အဆင်ပြေပါပြီ။
လမ်း လျှောက်တာကြောင့် ကယ်လိုရီလောင် ကျွမ်းတာ၊ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်တာနဲ့ နှလုံးခုန်နှုန်းနဲ့ အဆုတ် ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်တာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ လမ်းလျှောက် တာကြောင့် စိတ်ဖိ စီးမှုကိုလည်း လျော့ကျစေပါတယ်။
တောင်တက်ပါ - တစ်မိသားစုလုံး ပျော် ပျော်ရွှင် လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်း ပါ။ လမ်းလျှောက်တာလို အကျိုးကျေး ဇူးတွေရရှိစေတဲ့အပြင် ပတ်ဝန်းကျင်အ သစ်နဲ့လည်း ထိတွေ့ခွင်ရရှိစေပါတယ်။
ပြေးပါ - ပြေးတာလို နည်းနည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းကတော့ အိုမင်းမှု ဖြစ်စဉ်ကို နှေးစေပြီး ရောဂါဘယကင်း ကာ သန်စွမ်းကျန်းမာစေပါတယ်။
စကိတ်စီးပါ - ဆောင်းရာသီမှာ တစ်မိ သားစုလုံး ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင် နိုင်တဲ့ လေ့ကျင့်ခန်းပါ။
အိမ်တွင်းလေ့ကျင့်ခန်းများ
ယောဂကျင့်ြ့ခင်း - ယောဂကျင့်တာက လူကြီးတွေရော ကလေးတွေကိုပါ ကြွက်သားတွေ သန်စွမ်းပျော့ပျောင်း စေပြီး စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ ယောဂကျင့်တာက ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေပြီး ကိုယ်နေဟန် အနေအထားကို ကြည့်ကောင်းစေပါတယ်။
ရေကူးခြင်း - အိမ်ထဲမှာ ရေကူးကန် ရှိသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ လေ့လာမှုအရ ရေကူးသူတွေက အသက် ရှည်ရှည်နေရပြီး စိတ်ခံစားမှု ပိုမိုကောင်း မွန်ကြကြောင်း သိရပါတယ်။
လှေကားတက်ခြင်း - စက်လှေကားနဲ့ ဓာတ်လှေကားအစား လှေကားနဲ့ တက်ဖို့ ရွေးချယ်တိုင်း သင်ရဲ့ နှလုံးရောဂါဖြစ် နိုင်ခြေက လျော့ကျနေပါတယ်။ ကယ်လိုရီလည်း လျော့ကျနေပါတယ်။ ဒါ ကြောင့် အခွင့်အရေးရ တိုင်း လှေကားကနေ တက်ပေးပါ။
ကြယ်စင်

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget