Sunday 10 March 2013

ခရမ်းချဉ်သီးက ကင်ဆာကို ကာကွယ်နိုင်ရဲ့လား

ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ် ( Lycopene ) ဟာ လူသားကျန်းမာရေးကို
နည်းမျိုးစုံနဲ့ အကျိုးပြုပါတယ်။ ခုခံအားစနစ် ကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်းစတဲ့ ကောင်းကျိုး တွေရှိလို့ပါ။ ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီး စားလိုက်လို့ရလာတဲ့ လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ် ကင်ဆာအန္တရာယ်ကို လျော့ကျ စေပါတယ်။ သုတေသနတွေအရ တစ်ပတ်မှာ ခရမ်းချဉ်သီးဟင်း နှစ်ကြိမ်ကနေ လေးကြိမ် စားတဲ့အမျိုးသားတွေဟာ လုံးဝမစားတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နှုန်း ၃၃ ရာခိုင်နှုန်း လျော့ကျနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ဆဲလ်ပျက်စီးစေတဲ့ အဆိပ်မော်လီကျူးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ကနေ လိုင်ကိုပင်းဓာတ် အလုံအလောက် စုပ်ယူနိုင်ဖို့ဆိုရင် ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီနဲ့ တွဲဖက်စားဖို့ လိုပါတယ်။ လိုင်ကိုပင်းဓာတ်ဟာ အဆီမှာပျော်ဝင်တဲ့ အာဟာရ ဖြစ်တာကြောင့် သံလွင်ဆီ၊ အဆီနည်းနို့ စတာတွေနဲ့ တွဲစားရင် ပိုကောင်းပါတယ်။ ခရမ်းချဉ်သီးမှာ ကင်ဆာကာကွယ်နိုင်တဲ့ ဖောလိတ်ဓာတ်၊ ဗီတာမင်အေ၊ စီ၊ အီး စတာတွေလည်း ပါဝင်တာကြောင့် ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ ခရမ်းချဉ်သီးကို တခြားအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားပေးရင်လည်း ကင်ဆာကာကွယ်နိုင်စွမ်း အပြင် တခြားကျန်းမာရေး အကျိုးကျေးဇူး တွေကိုပါ ထပ်မံရရှိနိုင်ပါတယ်။
Ref By - http://seinpanpyar.multiply.com
 
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget