ကျွန်တော် ဒီတစ်ခါပြောပြချင်တာက ကွန်ပျူတာနဲ့ပက်သက်တဲ့
အခြေခံအကြောင်းအရာလေးတွေပါ။ မသိသေးသောသူများအတွက်ပါ။ အရင်ဆုံး
ကျွန်တော်တို့ မိမိ Processor ကို အမြင်ပြောင်းလဲစေအောင် ပြုလုပ်တဲ့နည်းလေးပါ။ ကျွန်တော်စက်က processor က core 2 Quad ပါ ။ပြောင်းပြထားကတော့ i5 ပေါ့။ ဘယ်လိုကြည့်ရလဲဆိုရင် Desktop ပေါ်က Computer ပေါ်ကို right click ထောက်ပါ။ Properties ကိုသွားပါ။ အဲဒီမှာ Processor: ဆိုတဲ့နေရာကိုကြည့်လိုက်ပါ။
မူရင်းပုံ
ပြောင်းပြီးသားပုံ
ကဲတွေ့တယ်နော်။ ကွန်ပျူတာဝယ်တဲ့အခါ သတိထားကြပေါ့ ။ ကိုယ်စက်မှာခပ်တည်တည်ပဲ နောက်ဆုံးပေါ် Processor အမျိုးအစား ပြောင်းထားလိုက်ပေါ့။ ဘာရယ်မဟုတ်လူရှိန်တာပေါ့။ လုပ်နည်းလေးက ဒီလိုလေးပါ။ အရင်ဆုံး run ကနေ regedit လို့ရိုက်ထည့်ပါ ။ အောက်ပါအတိုင်းအဆင့်ဆင့်သွားပါ။
ကဲအဲဒီ 0 ကိုရောက်ရင် ညာဘက်ခြမ်းမှာ Processor Name ကိုရှာပြီးတော့ Double click ပေးပါ။ ကဲ အဒီမှာ မိမိပြောင်းချင်သော Processor အမျိုးအစားကိုပြောင်းပြီးတော့ ok ပေးပါ။ မူရင်းကိုပြန်ပြောင်းချင်ရင်တော့ မပြောင်းခင်ကတည်းက ကိုယ့် processor အမျိုးအစာကို မှတ်ထားနော် ။ ပြီးပါပြီ။
နောက်တစ်ခုက ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ Print Screen SysRq ဆိုတဲ့ ခလုပ်လေးတွေ့မိကြမှာပါ။ အဲဒီကောင်လေးကဘယ်လိုသုံးလဲဆိုရင် သူက screen ကို ဓာတ်ပုံရိုက်တာပဲဗျ။ ကျွန်တော်အရင်တစ်ခါ ပြောပြထားတာက Snipping Tool ပါ။ အခုကောင်လေးကပိုပြီးတော့မိုက်တယ် ဗျ ။ ဘာလို့လဲဆိုရင် snipping tool က ကွန်ပျူတာမှာ video ကြည့်တယ်ဆိုပါ့စို့။ Full screen ချဲ့လိုက်ရင် snipping tool သုံးလို့မရတော့ဘူးဗျ။ ဒီကောင်လေးကကျတော့ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ်သုံးလို့ရတယ်။
Print Screen SysRq ကိုဘယ်နားမှာဆိုတာ လိုက်ရှာနေရမှာစိုးလို့အောက်မှာပုံလေးပါ။
အခုစာရေးနေရင်း ကျွန်တော် Print Screen SysRq လေးကိုနှိပ်လိုက်ပြီဗျာ။ ပြီးရင် Paint ဆိုတာကိုသွားလိုက်ပါ။ Paint ကိုမသိရင် start menu ကနေ Search box မှာ paint လို့ရိုက်ထည့်လိုက် ။ပေါ်လာလိမ့်မယ်။အဲဒီမှာ အလွတ်ဖြစ်နေလိမ့်မယ်ဗျာ။ paint box ရဲ့ ညာဘက်ခြမ်းမှာ Paste ဆိုတာရှိတယ်။ အဲဒီကောင်လေးကိုနှိပ်လိုက်ပါ။ ပြီးရင် မိမိလိုချင်သော နေရာကို save လုပ်ပါ ။ပြီးပါပြီ ။ ဒီလိုလေးပေါ့။
အပေါ်ကပုံလေးကို screen တစ်ခုလုံးပေါ်တာနော် မြင်သာအောင်ပြထားတာပါ။
အဆင်ပြေကြပါစေ။ နောက်ထပ်လည်း ရှိသေးတယ်ဗျာ။ စာရှည်သွားမှာစိုးလို့ ပါ။
ပြောင်းပြီးသားပုံ
ကဲတွေ့တယ်နော်။ ကွန်ပျူတာဝယ်တဲ့အခါ သတိထားကြပေါ့ ။ ကိုယ်စက်မှာခပ်တည်တည်ပဲ နောက်ဆုံးပေါ် Processor အမျိုးအစား ပြောင်းထားလိုက်ပေါ့။ ဘာရယ်မဟုတ်လူရှိန်တာပေါ့။ လုပ်နည်းလေးက ဒီလိုလေးပါ။ အရင်ဆုံး run ကနေ regedit လို့ရိုက်ထည့်ပါ ။ အောက်ပါအတိုင်းအဆင့်ဆင့်သွားပါ။
HKEY_LOCAL_MACHINE\Hardware\Description\System\CentralProcessor\0
ကဲအဲဒီ 0 ကိုရောက်ရင် ညာဘက်ခြမ်းမှာ Processor Name ကိုရှာပြီးတော့ Double click ပေးပါ။ ကဲ အဒီမှာ မိမိပြောင်းချင်သော Processor အမျိုးအစားကိုပြောင်းပြီးတော့ ok ပေးပါ။ မူရင်းကိုပြန်ပြောင်းချင်ရင်တော့ မပြောင်းခင်ကတည်းက ကိုယ့် processor အမျိုးအစာကို မှတ်ထားနော် ။ ပြီးပါပြီ။
နောက်တစ်ခုက ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ Print Screen SysRq ဆိုတဲ့ ခလုပ်လေးတွေ့မိကြမှာပါ။ အဲဒီကောင်လေးကဘယ်လိုသုံးလဲဆိုရင် သူက screen ကို ဓာတ်ပုံရိုက်တာပဲဗျ။ ကျွန်တော်အရင်တစ်ခါ ပြောပြထားတာက Snipping Tool ပါ။ အခုကောင်လေးကပိုပြီးတော့မိုက်တယ် ဗျ ။ ဘာလို့လဲဆိုရင် snipping tool က ကွန်ပျူတာမှာ video ကြည့်တယ်ဆိုပါ့စို့။ Full screen ချဲ့လိုက်ရင် snipping tool သုံးလို့မရတော့ဘူးဗျ။ ဒီကောင်လေးကကျတော့ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ်သုံးလို့ရတယ်။
Print Screen SysRq ကိုဘယ်နားမှာဆိုတာ လိုက်ရှာနေရမှာစိုးလို့အောက်မှာပုံလေးပါ။
အခုစာရေးနေရင်း ကျွန်တော် Print Screen SysRq လေးကိုနှိပ်လိုက်ပြီဗျာ။ ပြီးရင် Paint ဆိုတာကိုသွားလိုက်ပါ။ Paint ကိုမသိရင် start menu ကနေ Search box မှာ paint လို့ရိုက်ထည့်လိုက် ။ပေါ်လာလိမ့်မယ်။အဲဒီမှာ အလွတ်ဖြစ်နေလိမ့်မယ်ဗျာ။ paint box ရဲ့ ညာဘက်ခြမ်းမှာ Paste ဆိုတာရှိတယ်။ အဲဒီကောင်လေးကိုနှိပ်လိုက်ပါ။ ပြီးရင် မိမိလိုချင်သော နေရာကို save လုပ်ပါ ။ပြီးပါပြီ ။ ဒီလိုလေးပေါ့။
No comments:
Post a Comment