Tuesday 26 March 2013

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်

ကေကေကိုယ်တိုင် သုံးနေတာပါ တကယ် လိုအပ်တဲ့ အချိန်တွေမှာပေါ့လေ သူငယ်ချင်းတွေလဲ လိုအပ်ရင် သုံးလို့ရပါတယ်..
မသိသေးတဲ့သူတွေ အတွက်လဲ အလိမ်မခံရစေချင်ပါဘူ။ကိုယ်နဲ့ပြောနေတဲ့လူကဘယ်နိုင်ငံကလဲဆိုတာသိနိုင်တယ်လေ။

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်ဂျ။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်ရပါတယ်။ ပထမဆုံးတစ်ခုက Spypig ။

http://www.spypig.com/ ကိုဝင်ပါ။
New Tab တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
ပြီးရင်www.spypig.com ဖွင့်ထားတဲ့နေရာကိုပြန်သွားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။
Step2 မှာ Subject ကိုကြိုက်တာထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ အမဲနဲ့ဝိုင်းထားတဲ့စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကိုကလစ်နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။

ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။

အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
My Ip ဆိုတာကကိုယ့်ရဲ့ IP ပါ။Your Friend IP Number ဆိုတာကကိုယ့်ပို့တဲ့သူရဲ့ IP ပါ။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့
http://www.ip2location.com/free.asp
ကိုဖွင့်ပြီး
အစောက IP Number  ကိုမျှားပြထားတဲ့နေရာမှာရိုက်ထည့်ပေးလိုက်ပါ။ပြီးရင် Lookup ကိုနှိပ်ပါ။
ဒါဆိုဒီပုံလေးထဲကအတိုင်းသူဘယ်ကသုံးနေတာလဲဆိုတာသိရပြီပေါ့။
ပုံတွေကကိုယ်ဘာသာလုပ်ထားတွေမို့အဆင်မပြေတာရှိရင်တော့သည်းခံပြီးကြည့်ပေးပါနော်။
သူငယ်ချင်းတွေအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် …………….
မှတ်ချက် - ကိုယ်သုံး နေတဲ့ စက်မှာ နဲ့  ကိုယ် ပို့ ချင်တဲ့ မေး ပိုင်ရှင် သုံး နေတဲ့ စက်မှာ ရော IP address ပေးထားဖို့ လိုပါတယ်
Default IP address ပေးထားရင် တော့မရပါဘူး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget