Sunday 10 March 2013

အစာစားတိုင်း သွားကြားညပ်နေလျှင်

အစာစားတိုင်း သွားကြား ညပ်တာက သွားအနေအထား ကြောင့်လည်း ဖြစ်တတ်သလို အသက်အရွယ် ကြီးလာလို့လည်း ဖြစ်နိုင်ပါတယ်။ သွားကြားညပ်ရတဲ့ အကြောင်းရင်းဟာ အမျှင် ပါတဲ့ အစားအစာကို စားတာရယ်၊ သွားက မကျဲတကျဲ အနေ အထားဖြစ်နေ တာရယ်ကြောင့် သွားကြား ညပ်ရတာပါ။

သွားကြားညပ်ခြင်း ကင်းစေရန်
စားထားတဲ့ အစာတွေက သွားထဲမှာ ညပ်နေတတ်ပါ တယ်။ ဒီတော့ စားကြွင်းစားကျန် မကျန်အောင် သွားတိုက်တာ၊ ပလုတ် ကျင်းတာ၊ သွားကြားထိုးကြိုးသုံးတာ၊ သွားတိုက်တဲ့အခါ သွား တိုက်နည်း စနစ်မှန်တာ၊ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်တာ၊ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလို မာတဲ့ အစားအစာကို တတ်နီုင်သမျှရျောင်တာ၊ အချဉ်ကို စားရင်လည်း သွားမျက်နှာပြင်ကို ကြာကြာမထားတာ၊ နုတ်ထားတဲ့ သွား ရှိရင် လည်း ပြန်လည်အစားထိုးပြုပြင်တာနဲ့ ချိုပြီး စေးကပ်တဲ့ အစား အစာကို ကြိမ်ဖန်များစွာ မစားတာစတဲ့ အချက်တွေကို လိုက်နာ ရပါမယ်။
သွားကြားထိုးတံဖြင့် သွားကြားထိုးလျှင်
သွားကြားညပ်တဲ့ အကြောင်းက သွားနှစ်ချောင်းက မကျဲ တကျဲဖြစ်နေလို့ ညပ်တာပါ။ သွားက လုံးဝစိနေရင် လုံးဝမညပ် နိုင်ပါဘူး။ သွားက မကျဲတကျဲ အနေအထားရှိရင်၊ စားတဲ့ အစားအစာက မကျက်တကျက်ဖြစ်ရင်၊ အသီးအရွက်တွေ စား ရင် သွားကြားညပ်တတ်ပါတယ်။ သွားကြားညပ်တဲ့အခါ လူတွေက သွားကြားထိုး တတ်ပါတယ်။ သွားကြားထိုးတဲ့အခါ အခန့်မသင့် ရင် သွားကြားထိုးတံကသွားထဲ ကျိုးကျန်ခဲ့ပါက ရောဂါပိုးဝင် တတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ သွားကြားညပ်တဲ့ ပြဿနာကို သွားကြားပွတ်ကြိုး (Dental Floss)နဲ့ ဖြေရှင်းလို့ ရပါတယ်။
သွားကြားရှိ စားကြွင်းစားကျန်များ ဖယ်ရှားနည်း
သွားကြားတွေမှာ ကပ်ငြိနေတဲ့ စာြးွကင်းစားကျန်တွေကို မဖယ်ရှားရင်တော့ စားကြွင်းစားကျန်က အချဉ်ပေါက်ပြီး အက်စစ်ဖြစ်လာပါတယ်။ အဲဒီအက်စစ်ကနေ သွားမျက်နှာပြင် တွေ စားပြီး သွားပိုးစားရောဂါဖြစ်ပါမယ်။ ဒီသွားပိုးစား ရောဂါ ကိုမှ မကုသခဲ့ရင်တော့ သွားကိုက်၊ သွားနာတာတွေ၊ အစာစားမရ တာတွေ၊ သွားဖုံးရောင်တာ၊ မျက်နှာ မေးရိုးရောင်တာ၊ ပါးစပ်ဟ မရတာ၊ အိပ်လို့မရတာ၊ အဖျားတွေ ဝင်လာတာဖြစ်လာပြီး နောက်ဆုံးအဆင့်မှာတော့ သွားနုတ်လိုက်ရပါတယ်။ ဒါဟာ စားကြွင်းစားကျန် မဖယ်ရှားမှုရဲ့ ဆိုးကျိုးပါပဲ။
ဒေါက်တာမိုလာ

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget