Friday 8 March 2013

လက်မထပ်မီ ဘဝဖော်ကို မေးမြန်းသင့်သော မေးခွန်း၁၀ ခု

ဘဝအဖော်ကို သေချာရွေးချယ်ပြီး တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက ကျန်းမာရေး အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝအဖော်နှင့်အတူ မနေခင်မှာရော၊ တစ်လင် တစ်မယားစနစ် မကျင့်သုံးနိုင်ကြ သူတွေနဲ့ ဆိတ်ကွယ်ရာမှာ မပေါင်းသင်းခင်မှာပါ သင့်အဖေါ်ရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝင်၊ ကျန်းမာရေး အခြေအနေ စတာတွေကို သိရှိအောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုပါတယ်။ တကယ်လို့ သင့်အဖော်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က HIV မရှိဘူး ဆိုတဲ့ အဖြေရထားရင်တောင် သူ့မှာ HIV ပိုးမရှိဘူးလို့ တိတိကျကျ မပြောနိုင်ပါဘူး။ HIV ပိုးရှိကြောင်း မပြောနိုင်သေးတဲ့ Window Period အတွင်းမှာ ဖြစ်နေနိုင်တဲ့အတွက် ဘယ့်သူကိုမှ ယုံကြည် စိတ်ချ လို့မရပါဘူး။ ဒါကြောင့် သင့်အဖော်ကို အတူမနေခင် မဖြစ်မနေ မေးမြန်းသင့်တဲ့ မေးခွန်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်မှာ HIV ပိုးရှိသလား။
၂။ လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ရှိ၊မရှိ စစ်ဆေးကြည့် ဖူးရဲ့လား။ တကယ်လို့ ရောဂါရှိဖူးတယ်ဆိုရင် ကုသမှု ခံယူပြီးပြီလား။
၃။ အရင်က အပျော်အပါးလိင်ကိစ္စ လိုက်စားဖူးသလား။
၎။ လွန်ခဲ့တဲ့ ခြောက်လက လိင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိဖူးသလား။
၅။ ရေယုန် ဒါမှ မဟုတ် ကြွက်နို့ ပေါက်ဖူးတာကို ဆေးကုသဖူး သလား။
၆။ သင်ဟာ လိင်ဆက်ဆံတဲ့ အချိန်တိုင်း ကွန်ဒုံး သုံးခဲ့ရဲ့လား။
၇။ ကွန်ဒုံး(Latex) နဲ့ ဓာတ်မတည့်တာမျိုး ရှိသလား။
၈။ လွန်ခဲ့တဲ့ ခြောက်လအကြာက HIV ပိုးအန္တရာယ်ရှိဖူးလား။
၉။ သွေးသွင်းကုသမှုတွေရော ပြုလုပ်ဖူးသလား။
၁၀။ သန္ဓေတားနည်း တစ်မျိုးမျိုး သုံးနေသလား။
ဒီမေးခွန်းတွေကို မေးပြီးတဲ့အခါ သင့်အဖေါ်က အမှန်တိုင်းမဖြေဘဲ လိမ်ညာနေတယ်လို့ ထင်ရင် လိင်ဆက်ဆံမှု မပြုခင်မှာ သင့်ကိုယ်သင် လိင်ကနေ ကူးစက်တဲ့ ရောဂါတွေမရှိအောင် ကွန်ဒုံးသုံးပါ။
ရိုးရာလေးRef By - http://seinpanpyar.multiply.com

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget