Saturday 2 March 2013

ဖုန်းသုံးတဲ့ မြင်းမ.......

ကိုမောင်မောင် တစ်ယောက်.....မနက်အိပ်ယာထ ၊ ကော်ဖီ ပူပူ လေးကို အေးအေးဆေးဆေးသောက်နေ၏။

သတင်းစာ ဖတ်မည်ဟု ကြံရင်း လှမ်းလိုက်စဉ်......သူ့နောက်မှ.....မိန်းမ လာရပ်ပီး ပုခုန်းကို ခပ်နာနာ လှမ်းရိုက်သည်။

နောက် ဒေါသ တစ်ကြီးဖြင့်..........

" ရှင့် ဘောင်း ဘီ အိတ်ထဲ က မေရီ လို့ ရေးထားတဲ့ စာရွက်တစ်ရွက်တွေ့တယ်။အဲဒါ ဘယ်ကကောင်မလည်းပြော.."....ဟုဆိုသံကြားလိုက်ရ၏။

ထိုအခါ.....ကိုမောင်မောင်မှ.....တည်ငြိမ်စွာလှည့်ကြည့်ပီး.......

" ဟာ...မင်းကလည်းကွာ.....အေးအေးဆေးဆေး လုပ်စမ်းပါ။ငါပီးခဲ့တဲ့ အပတ်က Fantacy Game...ဆိုင်မှာ ငါမြင်းပွဲလောင်းတယ်ဆိုတာလေ။

မင်းမှတ်ပီ ပီ မဟုတ်လား.....။ အင်းးး...မေရီ ဆိုတာ.....ငါလောင်းခဲ့တဲ့ မြင်းမကွ...."....ဟု ပြန်ပြောလေ၏။

နောက်တစ်နေ့ မနက်တွင်တော့.....မိန်းမက ဒေါသ တကြီးဖြင့် ကော်ဖီသောက်စဉ် ၀င်လာပီး ဒေါသတကြီးထုထောင်းပြန်လေ၏။

ထိုအခါ.....ကိုမောင်မောင်မှ.......

" ဒါ က ဘာဖြစ်ရပြန်တာလဲဟု " ဒေါဖောင်းကာမေးလိုက်၏။

ထိုအခါ မိန်းမ ဖြစ်သူ ပြောလိုက်ပုံက.....

" ဘာဖြစ်ရမှာလဲ။ ညက ရှင့် မြင်းမ ဖုန်းဆက်တယ်လေ....."...တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ....

Lon Ely.......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget