Sunday 10 March 2013

အသားအရေပူခြင်း

သွေးဆုံးသည့်အရွယ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးများတွင် ဖြစ်ပေါ်လေ့ ရှိသော ဟော်မုန်း ပမာဏ အပြောင်းအလဲဟာ ခန္ဓာကိုယ်တွင်း အပူချိန်ကို သိသာစွာ မြင့်တက်သွား စေပါတယ်။ ၂၀ဝ၈ ခုနှစ်တွင် ပြုလုပ် ခဲ့သည့် လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ငါးရက်တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းစတဲ့ ယောဂ လေ့ကျင့်ခန်း ပြုလုပ်သော အမျိုး သမီးများမှာ အသားအရေပူခြင်း၊ ညအိပ်စဉ် ချွေးအလွန်ထွက်ခြင်း ပြဿနာဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရှိ ရပါတယ်။ ပဲနို့၊ တို့ဟူး သို့မဟုတ် အီစထရိုဂျင် ပါသော စားစရာများကို စားပေးခြင်းက ထိုဝေဒနာကို သက်သာစေနိုင်ပါတယ်။
ဇင်မာမြင့်

Health Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget