Saturday 9 March 2013

သင်အိပ်မပျော်ဘူးလား ဒီနည်းများကိုသုံးပါ

Papworth ဆေးရုံ Sleep Centre မှ ညွှန်ကြားရေးမှူး ဖြစ်သူ Dr. John Shneerson က အိပ်မပျော်သူများ အတွက် အောက်ပါ မဟာဗျူဟာများကို အကြံပေးထား ပါတယ်။
အိပ်ရာဝင်ချိန်မှန်ပါစေ
အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်အောင် ကြိုးစားပါ။ သင့်အိပ်ချိန်မှာ အပြောင်းအလဲ များရှိခြင်းက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို ရှုပ်ထွေးသွားစေပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
နေ့ဘက်အတွင်းမှာ မိနစ် ၃၀ လောက် ပြင်းပြင်း ထန်ထန် လေ့ကျင့်ခန်းလုပ်ခြင်းက ပူပန်သောကကို ဖယ်ရှားပစ်ပြီး သင့်ကို ကိုယ်စိတ် ဖြေလျော့ပေး စေပါတယ်။ လမ်းမြန်မြန် သွက်သွက် လျှောက်ခြင်းက အကောင်းဆုံးပါ။

ညအိပ်ရာဝင်ခါနီး ရေခပ်နွေးနွေးဖြင့် ချိုးပါ
ရေခပ်နွေးနွေးထဲ ကြာကြာ ရေစိမ်ချိုးခြင်းက ခန္ဓာကိုယ် အပူချိန်ကို တက်စေပါတယ်။ အိပ်ရာ ဝင်ချိန်ရောက်လာတဲ့အခါ ခန္ဓာကိုယ် အပူချိန်က စကျလာမယ်။ ယင်းက ခန္ဓာကိုယ်ကို အိပ်ဖို့ အချိန်ကျပြီလို့ အချက်ပေးခြင်းပဲဖြစ်တယ်။
အိပ်ခန်းကို ဆိတ်ငြိမ်ပြီး အလင်းရောင်ကင်းပါစေ
ဆိတ်ငြိမ်ပြီး မဲမှောင်အေးမြတဲ့ ပတ်ဝန်းကျင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အကောင်း ဆုံးပဲဖြစ်တယ်။ လိုက်ကာများကို ချထားပါ။
သင့်ခုတင်ကို ဂရုစိုက်ပါ
သင့်ခုတင်က ၁၀ နှစ်ကျော်ပြီလား။ အောက်သို့အိကျပြီး သင့်ကို ခါးနာစေ ပါသလား။ ဒါဆို အစားထိုးလဲလှယ် ဖို့လိုပါလိမ့်မယ်။ တောင့်တင်းတဲ့ မွေ့ရာက အိပ်ပျော်ခြင်းကို အထောက် အကူပြုပါတယ်။
ဦးလှမြင့်(ဂန္ဓာမာ)

Health Digest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget