Saturday 9 March 2013

ခြေဖနောင့်အက်ကွဲခြင်းအတွက် အိမ်တွင်းကုထုံး

ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့တဲ့ နည်းတူ ခြေဖနောင့်ရှိ အရေပြားတွေ ကလည်း ခြောက်သွေ့ အက်ကွဲပြီး ကွဲရှရာ ထင်တတ်ပါတယ်။ အဲဒီအချိန်မှာ လမ်းလျှောက် များခဲ့ရင် ခြေဖနောင့် အက်ကွဲရာက ပိုကြီးပြီး ပိုနက်နဲ လာနိုင်ပါတယ်။ တစ်ခါတစ်ရံ သွေးထွက်တာနဲ့ ပိုးဝင်တာတွေတောင် ဖြစ်စေနိုင်တဲ့ အတွက် အလွန်အမင်း နာကျင်ရတတ် ပါတယ်။ ဒီလို ခြေဖနောင့် အက်ကွဲမှု မဖြစ်စေဖို့နဲ့ ခြေဖနောင့် အက်ကွဲမှုကို ကာကွယ်နိုင်ဖို့ ရာအတွက် လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက် ရပါတယ်။

ခြောက်သွေ့သော အရေပြားကို ကြေးချွတ်ပါ
ခြေဖနောင့်အရေပြားဟာ ခြောက်သွေ့နေတယ်ဆိုရင် ဖိနပ်မပါဘဲ ဘယ်တော့မှ လမ်းမလျှောက်ပါနဲ့။ အိပ်ရာမ၀င်ခင်မှာ ခြေထောက်တွေကို ကြက်သီးနွေး ရေထဲ ၁၅-၂၀ မိနစ်ခန့်စိမ်ပြီး ကြေးတွန်း ကျောက်နဲ့ ခြောက်သွေ့တဲ့ အရေပြား နေ ရာတွေကို ပွတ်တိုက်ပြီး ဆဲလ်သေတွေကို ညင်ညင်သာသာ ဖယ်ရှားပေးပါ။ ဒါဆိုရင် ခြေဖနောင့် အရေပြားဟာ ချောမွေ့ လာပါလိမ့်မယ်။
အက်ကွဲစ ပြုနေသော ခြေဖနောင့်ကို ဂရုစိုက်ပါ
ခြေဖနောင့် အက်ကွဲမှုက အနည်း ငယ်စဖြစ်နေပြီဆိုရင် ဒီအရေပြားနေရာ စပ်ဖျဉ်းဖျဉ်းမဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုပါတယ်။ ညဘက်မှာ အရင်ဆုံး ခြေထောက် ကို ရေနဲ့ စင်ကြယ်အောင် သန့်စင်ပေးပြီး ခြောက်သွေ့အောင် သုတ်ပေးပါ။ ပြီးရင် ခြေဖနောင့်လိမ်း ခရင်မ်တစ်မျိုးကို လိမ်း ပေးပြီး ခြေအိတ်ဝတ်ပြီး အိပ်ရာဝင်ပါ။ နံနက်အိပ်ရာထချိန်မှာ ခြေဖနောင့်အက်ကွဲမှု ကင်းစင်ပြီး ခြေဖနောင့်အရေပြား ခြောက် သွေ့မှုကင်းကာ ချောမွေ့လှပနေပါလိမ့် မယ်။
ခြေဖနောင့် အက်ကွဲခြင်း မဖြစ်စေရန် နေ့စဉ်ကာကွယ်ပါ
မကြာခဏ ခြေဖနောင့် အက်ကွဲမှု ဖြစ်တတ်သူတွေအနေနဲ့ မဖြစ်အောင် ကာကွယ်ဖို့ နည်းကတော့ နေ့စဉ် ရေများ များ သောက်ပေးရပါမယ်။ ဒါဆိုရင် သင့် ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝပြီး အရေ ပြားကလည်း စိုပြည်နေမှာ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေအနေနဲ့ လေထု စိုထိုင်းနေအောင် လေထုစိုထိုင်းစေတဲ့ စက် (Hurnidifier) ကို တပ်ဆင်ထား ပါ။ နောက်တစ်ချက်ကတော့ ရေချိုးတဲ့ အခါ ခြေဖနောင့်အရေပြားက ဆဲလ်သေ တွေကွာကျစေဖို့ ကြေးတွန်းကျောက်နဲ့ ညင်ညင်သာသာ ပွတ်တိုက်သန့်စင်ပေး ပါ။ ရေချိုးပြီး ခြောက်အောင်သုတ်ပြီးခါ စမှာပဲ ခြေဖနောင့်ကို အစိုဓာတ်ထိန်းခ ရင်မ် လိမ်းပေးရမှာ ဖြစ်ပါတယ်။
ခြေဖနောင့်အက်ကွဲခြင်းအတွက် အိမ်တွင်းကုထုံးသုံးပါ
ဒီနည်းလမ်းကို ဒေါက်တာ Oz က ခြေဖနောင့်အက်ကွဲရာမှာ အလွယ်တကူ သုံးနိုင်ဖို့ ဖော်ပြထားတာဖြစ်ပါတယ်။
(၁) အရင်ဆုံး ခြေထောက်ကို ဆားခါး ထည့်ထားတဲ့ ကြက်သီးနွေးရေထဲ ၁၅ မိ နစ်ခန့် စိမ်လိုက်ပါ။ ဆားခါးမှာ မဂ္ဂနီဆီ ယမ်အပြည့်ပါဝင်တာကြောင့် ခြေထောက် နဲ့ ခြေဖနောင့် ခြောက်သွေ့မှုကို ကင်းစင် စေပါတယ်။
(၂) ခြေဖနောင့်ကို အဆီဓာတ် အခြေခံ တဲ့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ ခပ်ထူထူလေး လိမ်းပေးဖို့ လိုပါတယ်။
(၃) ခြေထောက်ကို ပလတ်စတစ်အိတ်နဲ့ ပတ်ပေးပါ။
(၄) ပြီးရင် ခြေအိတ်ဝတ်ပေးပါ။
(၅) အိပ်ရာဝင်ပြီး နံနက်ခင်းမှာ ပလတ် စတစ်အိတ်နဲ့ ခြေအိတ်ကို ချွတ်လိုက်ပါ။
(၆) သုံးညဆက်တိုက် ပြုလုပ်လိုက်မယ် ဆိုရင် ခြေဖနောင့် ချောမွေ့သန့်စင်သွား ပါလိမ့်မယ်။
ဇွန်

Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget