Monday 4 March 2013

ညီမလေးအတွက် စကားလက်ဆောင်

ညီမလေးအတွက် စကားလက်ဆောင်(၁၄)
+++++++++++++++++++++++

ညီမလေးရေ....
ဘယ်နိုင်ငံကိုပဲ ကြည့်ကြည့် မိန်းမဦးရေပာာ ယောက်ျား ဦးရေထက်ပိုများတယ်။ သူ့ထက် ငါ အလှတွေ ပြိုင်ကြတယ်။ ပညာတွေ ပြိုင်ကြတယ်။ မာနတွေ ပြိုင်ကြတယ်။ 

ရုပ်ရည်ကိုလည်း သူ့ထက်ငါ ပိုလှအောင် ပြင်ကြတယ်။ ပညာကိုလည်း သူ့ထက်ငါ ပိုတတ်အောင် ပြိုင်ကြတယ်။ ဒါတွေကိုလည်း ကျေနပ် ဂုဏ်ယူနေပြန်တယ်။ ကိုယ်ကျင့်တရားကိုကျတော့ မေ့လျော့နေကြတာ စိတ်မကောင်းစရာပါ။ 

ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အကျင့်ပျက်နေတာတွေလည်း ရှိနေတယ်။ 
မိန်းကလေးမှ မပာုတ်ဘူး။ ယောက်ျားလေးလည်း အတူတူပါပဲ။ 

ညီမလေးရေ...
သိန်းချီတန်တဲ့ အ၀တ်အစားဝတ်လိုက်တာနဲ့ အဲ့ဒီလူတစ်ယောက်ပာာ တန်ဖိုး တက်မသွားဘူး။ ကိုယ်ကျင့်တရားကောင်းမှ တန်ဖိုးတက်တယ်။ 

ကိုယ်ကျင့်တရားဆိုတာ သိပ်မများပါဘူး။ ငါးပါး သီလစောင့်ထိန်းရင်ရပါပြီ။ ငါးပါးဆိုပေမယ့် စောင့်ဖို့အတွက် အင်မတန် ခက်ပါတယ်။ မိန်းကလေးဆိုတော့ အရက်သေစာ မသောက်တတ်တော့ တစ်ပါးက လုံသွားပြီ။ သူတစ်ပါးအသက်ကို မသတ်ပါနဲ့ ။အဲ့ဒါ မလုံကြဘူး။ 

ငှက်ကလေးတစ်ကောင်ကို သတ်မယ်ဆိုပါတော့။ ငှက်ကလေးသေသွားရင် သူ့ချစ်သူက ရင်ကွဲမတတ်ခံစားရမှာလေ။ သူ့မိသားစုကလည်း ရင်ကွဲမတတ်ခံစားရမှာပဲလေ။ ဒါ့ကြောင့် သူတစ်ပါးအသက်ကို မသတ်ပါနဲ့လို့ တောင်းဆိုနေတာပါ။

မိမိမှာ ကာမပိုင် လင်ယောက်ျားရှိနေလျက်နဲ့ တစ်ပါးသူနဲ့လည်း မဖောက်ပြန်ရဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သစ္စာထားသင့်ပါတယ်။ စိတ်နဲ့တောင် မပြစ်မှားရဘူး ညီမလေး။ စိတ်နဲ့ ပြစ်မှားလည်း သီလကျိုးမှာပဲ။ အနည်းဆုံး မိမိရဲ့စိတ်ပာာ မဖြူစင်တော့ဘူးပေါ့။ အပျိုမိန်းကလေးဆိုရင်လည်း သူတစ်ပါး အိမ်ယာကို မပြစ်မှားပါနဲ့။ 

နောက်ပြီး လိမ်မပြောရဘူး။ ကိုယ့်ကို သူများက လိမ်လည်းကြိုက်မှာ မပာုတ်ဘူး။
အဲ့ဒီတော့ ကိုယ်ကလည်း မလိမ်နဲ့ပေါ့။ လိမ်လိုက်ရင် ဘယ်သူမှ မသိလည်း ငရဲက ချမ်းသာပေးမှာ မပာုတ်ဘူး။ ဒါ့ကြောင့် မလိမ်ပါနဲ့။ 

နောက်ဆုံးတစ်ခုက သူတစ်ပါးပစ္စည်းကို ခိုးတာပဲ။ မြန်မာပြည်မှာ သူခိုးတော်တော် များပါတယ်။ လူက သင်္ချိုင်းကို ခြေတစ်ဖက်နင်းတာတောင် လက်က ခိုးချင်နေတယ်။ အထင်ကရ သူခိုးတွေလည်းရှိတာပဲ။ 

ကလေးဘ၀က ငယ်တော့ ၂ကျပ် ဖိုးပဲခိုးတယ်။ အရွယ်ရောက်လာတော့ နည်းနည်းကြီးပြီမို့ ၂၀၀၀ ဖိုးလောက်ခိုးတယ်။
လူကြီးဖြစ်ရင်တော့ ရသလောက်ခိုးတော့တာပဲ။ ပမာဏများများခိုးတာ လူကြီးသူခိုး။
မုန့်ဖိုးပဲခိုးတာ ကလေးသူခိုး။ အားလုံး သူခိုတွေပါပဲ။ ဘယ်သူမှ မသိလည်း ငရဲက ချမ်းသာမပေးဘူး။ ဒါကြောင့် ဘယ်တော့မှ မခိုးပါနဲ့။ 

ညီမလေးရေ...
အစ်ကိုရေးတဲ့စာက ရသ စာပေမပာုတ်တော့ ဆေးခါးကြီးသောက်ရသလို ဖြစ်နေမယ်။ ဒါပေမယ့် ဆေးဘက်ဝင်ပါတယ်။

ကံငါးပါးကို ထာဝရ စောင့်ထိန်းနိုင်ပါစေ။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget