Sunday 10 March 2013

ဘယ်သစ်သီးဖျော်ရည် အကောင်းဆုံးလဲ

ဘလူးဘယ်ရီသီးဖျော်ရည်
ဦးနှောက် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တိရစ္ဆာန်တွေ မှာ လေ့လာမှုအရ ဘလူးဘယ်ရီသီး ဖျော်ရည်ဟာ အသက်အရွယ် ကြောင့် ဖြစ်လာတဲ့ အသက်ကြီး အတိတ်မေ့ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
စပျစ်သီးဖျော်ရည်
အနီရောင် ဝိုင်လိုပါပဲ။ အနီရောင် စပျစ်သီးအစေ့၊ အခွံ အပါအဝင် အသားတွေကို စပျစ်သီး ဖျော်ရည် ပြုလုပ်တတ်ကြပါတယ်။ နှလုံး ကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။
ဆီးသီးဖျော်ရည် (Prune Juice)
ဝမ်းချုပ်တာ သက်သာစေပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အပြင် သဘာဝဝမ်းနုတ်ဆေးဖြစ်တဲ့ Sorbitol လည်းပါဝင်လို့ပါ။ ဆီးသီးဖျော်ရည်မှာ antioxidant ၊ သံဓာတ်နဲ့ ပိုတက်စီယမ်များစွာ ပါဝင်ပါတယ်။

လိမ္မော်သီးဖျော်ရည်
ဗီတာမင် C များစွာ ပါဝင်တဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အရိုးအားကောင်းစေမယ့် ကယ်လ်စီယမ်နဲ့ ဗီတာမင် D အားဖြည့် ထားတဲ့ လိမ္မော်ဖျော်ရည်ကိုလည်း ဈေးကွက်ထဲမှာ ရရှိနေပါပြီ။
Ref By - http://seinpanpyar.multiply.com
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget