Saturday, 2 February 2013

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်

ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ အသုံးပြုမဲ့ စကိုက်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြာထားတဲ့ အတိုင်း Tools ကနေ Options ကိုသွားလိုက်ပါ .. 
 အောက်က အဆင့်ကို ရောက် ပြီးဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း Change font ကိုနှိပ်လိုက်ပါ ..

ပြီးရင်တော့ Font မှာ Zawgyi-One ပြောင်းပေး လိုက်ယုံပါပဲ .. ဒါဆိုရင် မြန်မာလို အဆင်ပြေသွားပါလိမ့်မယ် ..  တစ်ခု ရှိတာက ကိုယ်နဲ့ ပြောမဲ့ စကိုက်မှာလည်း မြန်မာလို ပေါ်ချင်တယ် ဆိုရင် အဲ့လို ချိန်းပေးဖို့ လိုပါလိမ့်မယ် .. 
အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget