တစ်ချို့ဖြစ်ဖူးကြမယ်ထင်ပါတယ်။ Gtalk မှာ သူ့ဘက်အသံကြားရပြီး
ကိုယ်ပြောတာကို သူမကြားရဘူးဆိုတာပေါ့။ အဲဒါက earphone error
လည်းဖြစ်နိုင်တာပဲပေါ့။
ကဲ ပထမစစ်ကြည့်သင့်တာက Gtalk က settings ကိုသွားပါ။ ပြီးရင် Audio ဆိုတာကို
ထပ်သွားပါ။ အဲဒီမှာ Input-microphone or headset ဆိုတာကို စစ်ပါ။
အဲဒီအောက်နားလေးမှာ Automatically adjust microphone sensitivity
ဆိုတာအမှန်ခြစ် ပေးထား မထားစစ်ပါ။ ပေးမထားရင်အသံမလာပါဘူး။
အမှန်ခြစ်ထည့်ပေးပါ။ အဲဒါကို အမှန်ခြစ် မခြစ်ချင်ဘူးဆိုရင်
အဲဒီအပေါ်ကကောင်လေးကို Default Device မထားပဲ Microphone ကိုချိန်းပေးပါ။
ဒုတိယက မိမိ Microphone က အသံဝင်လမ်းကြောင်း ပန်းရောင်
ထိုးထားတဲ့နေရာကိုသေချာ တပ်မတပ်ကြည့်ပါ။ အဲဒီပန်းရောင် လေးက မိမိအသံကို
မိုက်ကနေတစ်ဆင့်ဝင်တာဖြစ်ပါတယ်။ အစိမ်းရောင်လေးက အသံကိုကြားရတာပါ။
သုံးတာကြာပြီဆိုရင် အဲဒီကောင်လေးက အလုပ်မလုပ်တာတွေ့ရပါတယ်။
ဖြုတ်လိုက်တပ်လိုက်ဆိုတော့ အထဲက ၀ါယာသေးသေးလေးတွေ
ဖြတ်တောက်သွားတာဖြစ်ပါတယ်။
ဒါဆိုရင်တစ်ဖက်ကလူမိမိအသံကိုမကြားနိုင်တော့ပါဘူး။ earphone
လှဲမှပဲရပါတော့မယ်။
တတိယက Desktop ရဲ့ အောက်ဘက် ဘယ်ဘက်ထောင့်မှာရှိတဲ့ speaker လေးကို right
click ပေးပါ။ အဲဒီမှာ Playback ဖြစ်ဖြစ် Recording ဖြစ်ဖြစ် တစ်ခုခုကို
ကလစ်ပေးလိုက်ပါ။ ဒါဆိုရင် Sound အတွက် setting box ကျလာပါလိမ့်မယ်။
အဲဒီကနေမှ Recording ဆိုတဲ့ buttom လေးကိုရွေးပါ။ အဲဒီမှာ
မိုက်ပုံလေးတွေတွေ့ပါလိမ့်မယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ မိုက်ပုံစံလေးက
အမှန်ခြစ်လေးနဲ့တွေ့ပါလိမ့်မယ်။ တွေ့ပြီဆိုရင် right click ထောက်ပါ။
properties ကိုသွားပါ။ အဲဒိမှာ နောက်ထပ် Levels ဆိုတာကိုထပ်သွားပါ။ Mic in
at rear panel (Pink ) ဆိုတဲ့နေရာမှာ 0(သုည)ဖြစ်နေပြီဆိုရင်
မိမိပြောတဲ့အသံကို မကြားနိုင်ပါဘူး။ 100 ထိတိုးပေးပါ။ ပြီးရင် အိုကေပေးပါ။
ဒါဆိုရင်အသံလာပါပြီ။ ကဲအောက်မှာပုံလေးနဲ့ ပြထားတယ်နော်။
အဆင့်(၂)
အဆင့်(၃)
အဆင့်(၄)
ဒီလိုဖြစ်နေရင်အသံမလာပါ။
အဆင့်(၅)
ပြီးရင် အိုကေပေးပါ။ ပြီးပါပြီ။
ဒီနေရာမှာတစ်ခုပြောချင်ပါသေးတယ်။ Microphone Boost ဆိုတာကိုတွေ့တယ်ဟုတ်။
တကယ်လို့ တစ်ခါတစ်လေမှာ ပုံထဲကလို +30.0 dB လို့ပေးထားရင် spearker ကနေ
ရှဲရှဲဆိုပြီးအသံတွေ ထွက်လာတက်ပါတယ်။ အဲဒီအခါမှာ +30.0 ကို လျော့ချပေးပါ။
ဒါဆိုရင် ရှဲရှဲအသံတွေပျောက်သွားပါလိမ့်မယ်။
ကဲကျွန်တော်သိသလောက်ပါပဲဗျာ။ မသိသေးသောသူများအတွက်ပါ။
အဆင်ပြေပါစေ.....
အားလုံးကိုလေးစားလျက်......
No comments:
Post a Comment