Tuesday 12 February 2013

BIOS (Basic Input Output System)



ဒီအကြောင်းလေးကတော့ Computer Hardware နဲ့သက်ဆိုင်ပြီး လူအများစုသတိမပြုမိကြတဲ့အပိုင်းလေး ကိုရေးသားပေးခြင်းဖြစ်ပါတယ်။ Operating System စတက်ဖို့ရန်အလွန်အရေးပါတဲ့ Motherboard ပေါ်က ဒီ BIOS နဲ့CMOS လေးအကြောင်းကိုလေ့လာလိုက်ကြရအောင်လား…..

BIOS ဆိုတာ Low-Level Language (အများအားဖြင့် Assembly Language) ဖြင့်ရေး သားထားသော Program များစုပေါင်းပါဝင်သည့် Program အစုအဝေးတစ်ခုဖြစ်ပြီး computer ပါဝါစဖွင့်ချိန်မှ Operating System (Windows XP/Vista/7) စတင်သည့်အချိန်ထိ ကြားကာလအတွင်း Computer boot တက်ဖို့ရန်လိုအပ်သောလုပ်ငန်းစဉ်များကို BIOS မှ တာဝန်ယူလုပ်ဆောင်ပေးပါတယ်။ ၁၉၉၀ခုနှစ် မတိုင်မီကာလများအထိ BIOS program ကို   ပြန်ပြင်ရေးသားလို့မရနိုင်သော ROM Chip (Read Only Memory) များထဲမှာ အသေ ထည့် သွင်းပြီး Motherboard ပေါ်မှာတင်ဆပ်အသုံးပြုကြသည့်အတွက် ROM BIOS ဟုခေါ်ဝေါ် သုံးစွဲခဲ့ကြပါတယ်။

ဒီ BIOS program တို့ထည့်သွင်းထားသော ROM Chip များသည် ပါဝါပေးထားဖို့ရန်မလိုတဲ့ non-volatile memory အမျိုးအစားပင်ဖြစ်ပါတယ်။ ဆိုရရင် computer ပါဝါပိတ်ထားသော် လည်းထည့်သွင်းရေးသား ထားသော Program များ ၊ Instruction များ မူလအတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်သော memory အမျိုးအစားဖြစ်ပါတယ်။

ဒီလိုဖြင့် BIOS ဆိုတာ Software လား Hardware လားဆိုတာကို တိတိကျကျခွဲခြား သတ်မှတ် မရနိုင်တဲ့ ရှုတ်ထွေးမှုတွေဖြစ်လာပါတယ်။ ပုံမှန်အားဖြင့် Hardware ၊ Software ခွဲခြားမှုအတွက်များစွာခက်ခဲ ရှုတ်ထွေးမှုမရှိနိုင်ပါဘူး။ ဥပမာ Hard disk ဆိုပါတော့.. Hard disk သည် Hardware ဒါပေမယ့် ၄င်း Hard disk ထဲမှာရှိနေတဲ့ အထဲက Series of Instructions အစုဝေးတစ်ခုကို ကိုယ်စားပြုတဲ့ File တစ်ခုသည် Program တစ်ခုဖြစ်ပါတယ်။ 
၎င်း Program သည် Software ဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနှင့်က အဲ့လို Software File (Program) တွေကို အချိန်မရွေးထည့်သွင်းနိုင်ပါတယ်။ ဖျက်ထုတ်နိုင်ကြပါတယ်။ သဘောက Hard disk ဆိုတဲ့ Hardware နှင့် ၄င်းထဲမှာရှိတဲ့ Program ဆိုတဲ့ Software သီးခြားစီဖြစ်ပါတယ်။

ROM BIOS တို့ကျတော့ Hard disk မှာလို Software နဲ့ Hardware တို့က သီးခြားစီ မဟုတ်တော့ ပါဘူး။ စက်ရုံမှာထုတ်စဉ်ကတည်းက ROM Chip ထဲမှာ Program တွေ Instruction တွေကိုတစ်သားတည်းဖြစ်အောင်ထည့်သွင်းထုတ်လုပ်ထားတာ။ သူတို့ကို သီးခြားစီဖြစ်အောင် လွယ်လွယ်ကူကူခွဲထုတ်လို့မရနိုင်တော့ဘူး။ အဲ့ဒီလို Hardware ထဲမှာ Software အား တစ်သားတည်း ဖြစ်အောင် Embed လုပ်ကာထည့် သွင်းတည်ဆောက် ထားသည့် ပစ္စည်းများကို FIRMWARE လို့ခေါ်ပါတယ်။ ဒါကြောင့် BIOS သည် Firmware တစ်ခုပင်ဖြစ်ပါတယ်။

BIOS ထဲမှ Program များ…

BIOS ဆိုတာသည် ROM Chip အတွင်း ထည့်သွင်းတည်ဆောက်ထားသော Program အစုဝေးတစ်ခုဖြစ်တယ်ဆိုတာကို သိခဲ့ကြပြီးဖြစ်ပါတယ်။ Computer ပါဝါစဖွင့်ချိန်မှစပြီး Operating System ကိုဆွဲတင်သည့်အချိန်ထိ ကြားကာလအတွင်းအဲ့ဒီ Program ကိုလုပ်ဆောင်မှု Function များအရ ခွဲခြားကြည့်မယ်ဆိုရင် လေးမျိုးရှိပါတယ်။

၁. POST (Power On Self Test)

POST သည် Processor ၊ Memory ၊ Chipset ၊ Graphic Card ၊ Hard Disk ၊ Keyboard အစရှိသော Computer အစိတ်အပိုင်းများ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိကို စစ်ဆေးပေးသော Program ဖြစ်ပါတယ်။

၂. Setup Program

Setup Program သည် Menu Driven Program ဖြစ်ပြီးထို Program အတွင်းသို့ဝင်ရောက်ပြီး Date/Time Password ၊ Boot Order နှင့်အခြားသော Setting များကိုလိုသလိုပြောင်း လဲပြင် ဆင် သတ်မှတ်ပေးနိုင်ပါတယ်။ မိမိတို့ပြင်ဆင်သိမ်းဆည်းခဲ့သော Setting များကို CMOS RAM ပေါ်တွင်သိမ်း ထားပေးပါတယ်။ Computer ပါဝါဖွင့်လိုက်တိုင်း ထို CMOS RAM ထဲက Setting ကိုသွားဖတ်ပြီး Boot လုပ်ပါတယ်။

၃. Bootstrap Loader

Bootstrap Loader ဆိုတဲ့ Program တစ်ခုရဲ့ အဓိကလုပ်ဆောင်မှုကတော့ Operating System ကိုရှာဖွေခြင်းပင်ဖြစ်ပြီး BIOS ရဲ့နောက်ဆုံး လုပ်ဆောင်မှု Function ဖြစ်ပါတယ်။ Bootstrap သည် POST Program ရဲ့အဆုံးတွင်ရှိသော စာကြောင်းရေဒါဇင်ဝက်ခန့်သာ ရှိသည့် Code များပင်ဖြစ်ပါတယ်။ POST Test သည် သူရဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့အခါ Bootstrap သို့လွှဲပြောင်းပေးလိုက်ပါတယ်။ ပြီးမှ Bootstrap သည် BIOS setup တွင်ထည့် သွင်းညွှန်ကြားထားသော Boot Order အတိုင်း ( ဥပမာ Hard Disk ၊ CD/DVD ) OS ကိုရှာဖွေ ပါတယ်။ OS နှင့်သက်ဆိုင်သော Information များပါသည့် Boot Sector ကိုတွေ့ တာနဲ့ ကျန်လုပ်ငန်းစဉ်များကို OS အားလွှဲပြောင်းပေးပါတယ်။

၎. Device Driver

BIOS ထဲတွင် computer စတင်သက်ဝင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သောအခြေခံ အစိတ် အပိုင်း များဖြစ်ကြတဲ့ Hard Disk ၊ Keyboard ၊ VGA ၊ USB Port တို့ရဲ့ Driver များပါဝင် ပါတယ်။ Computer လုပ်ငန်းစဉ်နှင့် သက်ဆိုင်ခြင်းမရှိသော အခြား Hardware များဖြစ်ကြတဲ့ Printer ၊ Scanner ၊ Sound Card တို့အတွက် Driver များကိုတော့ Hard Disk များအတွင်း မှာထည့်သွင်းထားပြီး Computer Boot တက်တဲ့အခါမှသာ OS မှဆွဲယူနိုင်အောင်စီမံပေး ထားပါတယ်။

BIOS ထုတ်လုပ်သူများ…

AMI (American Megatrends, Inc.)
Compaq and Hewlett-Packard
Dell
eSupport.com
Gateway
IBM
Phoenix Technologies (First BIOS, Phoenix and Award)

CMOS ဆိုတာ...

လူအများစုတို့သည်ယေဘူယျအားဖြင့် BIOS နှင့် CMOS ကိုအတူတူပဲ သဘောထား ပြီးရည် ညွှန်း သုံးစွဲလေ့ ရှိကြပါတယ်။ ဒါဟာမှားတယ်လို့တော့မဆိုနိုင်ပါဘူး။ သူတို့ ၂ ခုက တစ်ခုနှင့် တစ်ခု ဆက်စပ်မှုတော့ ရှိပါတယ်။ သို့သော် Motherboard ပေါ်မှာ သီးခြားစီတည်ရှိနေတဲ့ အစိတ်အပိုင်းများဖြစ်ကြပါတယ်။ BIOS သည် Motherboard ပေါ်မှ ROM Chip တစ်ခုဖြစ်ပြီး CMOS သည်လည်း Motherboard ပေါ်က CMOS RAM ဟုခေါ်သော သီးခြား Chip တစ်ခုဖြစ်ပါတယ်။ 
၎င်း Chip ကိုတည်ဆောက်တဲ့နေရာမှာ (Complimentary Metal Oxide Semiconductor) CMOS နည်းပညာကိုအသုံးပြုထားသည့်အတွက် CMOS ဟုခေါ်ဆိုပါတယ်။ကျွန်တော် တို့ဟာ အကယ်လို့များ BIOS ကိုသူများတွေဝင်ပြီးပြောင်းလို့မရအောင် Administrator Password နဲ့ပိတ်ထားခဲ့လို့ရပါတယ်။ အဲ့လိုပိတ်ထားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် Password မေ့ သွားခဲ့ရင် ဒီ CMOS Setting ထဲကိုဝင်လို့ရမှာမဟုတ်တော့ပါဘူး။ အဲ့လိုဝင်လို့မရခဲ့ရင် လုပ်လို့ ရတဲ့နည်းလမ်းတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ CMOS Batter ကို ၅ မိနစ်လောက် Motherboard ပေါ်ကနေဖြုတ်ထားပြီး ပြန်တပ်လိုက်ပါ။ Administrator Password ပါပြုတ် သွား ပါလိမ့်မယ်။

BIOS သည် Computer စတင်သက်ဝင်ဖို့ရန်လိုအပ်သော Program အစုဝေးဖြစ်ပြီး CMOS ကတော့ ထို Program အစုအဝေးထဲမှတစ်ခုဖြစ်သော Setup Program တွင်အသုံးပြု သူတို့ ပြင်ဆင်ဖြည့်စွက်သမျှ Setting တို့ကိုမှတ်သားထားရာ Memory တစ်မျိုးပင်ဖြစ်ပါတယ်။ အဲဒီ CMOS Setting ထဲမှာဆိုရင် လရက် ခုနှစ်နှင့် အချိန် (Date & Time) ၊ CD ကနေ Boot တက် မှာလား Hard Disk ကနေ Boot တက်မှာလားဆိုတဲ့ Boot Order ၊ Serial Port ၊ Parallel Port တို့နှင့်သက်ဆိုင်သော Configuration တွေအစရှိတဲ့ Setting များကိုထည့်သွင်း မှတ် သားထားပါတယ်။ Computer ပါဝါစဖွင့်လိုက်တဲ့အခါတိုင်း ၄င်း CMOS ထဲမှ Setting များအား ဖတ်ရှုပြီး Boot တက်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget