ကျွန်တော်တို့ Windows တက်တက်ချင်းမှာ အသံမြည်တယ်လေ။ (Sound ရှိရင်ပေါ့)
အဲဒီအသံကို
ကျွန်တော်တို့ ကြိုက်တဲ့အသံနဲ့ ပြောင်းလို့ရပါတယ်။ ဥပမာ -
ကျွန်တော်ဆိုရင်အဲဒီအသံကို Jouk Jack သီချင်းတစ်ပုဒ်နဲ့ပြောင်းထားတယ်။
ဘယ်လိုလုပ်မလဲ?
ဟုတ်ကဲ့....ဒီလိုလုပ်ပါမယ်။
ပထမဆုံး Run ကိုခေါ်လိုက်ပါ (Win+R)
mmsys.cpl လို့ရိုက်ထည့်ပါ။
Sound and Audio Device Properties ဆိုပြီး Box တစ်ခုပေါ်လာပါပြီ။
အဲဒီမှာ Sounds Tab ကို သွားပါမယ်။
Sounds Tab ကိုရောက်ရင် အောက်နားလောက်မှာ Program Events ဆိုတာရှိပါတယ်။
အဲဒီအထဲမှာ Start Windows ဆိုတာကိုရှာပါ။
တွေ့ရင် အဲဒါကို Select ပေးထားပါ။ ပြီးရင်အောက်မှာ Browse ကို နှိပ်ပါ။
ကိုယ်ပြောင်းချင်တဲ့သီချင်းကို ရွေးပေးပါ။ ပြီးပြီဆိုရင် အဲဒီ Browse ဘေးနားမှာ Play Buttom လေးရှိပါတယ်။ အဲဒါလေးကိုနှိပ်ပြီးတော့
ကိုယ်ပြောင်းတာ တကယ်ဟုတ်မဟုတ် ပြန်စမ်းကြည့်ပါ။ အော်...အရေးကြီးတာက Music Format ဟာ wav Format ဖြစ်ရပါမယ်။
ကိုယ်ပြောင်းချင်တာ
wav Format မဟုတ်ရင်တော့ Format Factory နဲ့ wav File ဖြစ်အောင်
ပြောင်းလိုက်ပါ။ Format Factory Program ဒီဆိုက်ထဲမှာပဲရှိပါတယ်။
ရှာကြည့်ပါ။ အားလုံးအဆင်ပြေပါစေ။
(အဲဒီတစ်ခုတည်းတင်မဟုတ်ပါဘူး။ Windows ကထွက်သမျှ error သံတွေအကုန်လုံးကိုလဲ အဲဒီလိုပြောင်းလို့ရပါတယ်။)
ကိုယ့် အသံနဲ့ ထွက်ချင်ရင်တော့
ှStart>Run>sndrec32 လို့ ရိုက်လိုက်
ပြီးရင် Mic တပ်ပြီး Start recording ဆိုတဲ့ button အနီလေးကိုနှိပ်ပြီး အသံသွင်း
စိတ်ကြိုက်သွင်းပြီးရင် *.wav နဲ့ တစ်နေရာမှာ သိမ်းပြီး Window စအတက်မှာ အသံထွက်ခိုင်းလို့ ရသေးတယ်နော်
No comments:
Post a Comment