‘ရှာပါ’ လို့အဓိပ္ပါယ်ရတဲ့ website ဖြစ်ပါတယ်။ ပေါ်ထွက်လာတာ သိပ်မကြာသေးပင်မယ့် သုံးစွဲရတာ မြန်ဆန်တဲ့အတွက် သဘောကျမိပါတယ်။ အထူးသဖြင့်လှပတဲ့ homepage ဟာ user တွေကို ဆွဲဆောင် နိုင်စွမ်း အပြည့်အဝရှိနေပြီးdatabaseကိုအချိန်ပေးပြီးတည်ဆောက်ခဲ့ပုံရတာကို result မှာ တွေ့နိုင် ပါ တယ်။
စောင့်ကြည့်ရန်

http://search.mymyanmar.net

00000000000000000000000000000000000000000
Tutorial
http://blog.mghla.com

မန္တလေးသားတွေအတွက် ဂုဏ်ယူ စရာ အကြောင်းအရာ အများအပြား ရှိတဲ့ အထဲမှာ ‘မောင်လှ’ ဟာ ဂုဏ်ယူခွင့် အသစ်တစ်ခု ဖြစ်ပါ တယ်။ သု့ရဲ့web မှာ တခြား အကြောင်းအရာတွေ အမျိုးအစ ပါရှိပေမယ့် အဓိကကတော့ သူတက်မြောက်ထားတဲ့ ပညာရပ်တွေကို ဆရာစားမချန်ဘဲပြန်လည် ဝေမျှပေးနေတဲ့ အတွက် tutorial subject ထဲကို ထည့်သွင်းရွေးချယ် ခဲ့ပါတယ်။userတစ်ယောက် အတွက် အဖိုးတန် နည်း ပညာအကူအည်ီနဲ့ပတ်သက်ပြီးတော့အများအပြားရရှိနိုင်တဲ့နေရာတစ်ခုပါ။
http://www.phpmyanmar.com

Php နဲ့ mysql ကိုတကူးတကလေ့လာလိုက်စားလိုသူတွေအတွက်တန်ဖိုးရှိတဲ့သင်ခန်း စာတွေ coding လမ်းညွှန်ပြသမှုတွေနဲ့အတူ programming ပညာရပ်ကို စူးစမ်းလေ့နေတဲ့ လူငယ်တိုင်း လေ့လာကြည့် သင့်တဲ့စာမျက်နှာတစ်ခုဖြစ်ပါတယ်။ forum တည်ဆောက် ပေးထား လို့ အလွယ်တကူပဲကိုယ်လိုချင်တဲ့ အကူအညီတွေကို အဖွဲ့ဝင်တွေ အချင်းချင်းအဖြေရှာတိုင်ပင် လို့ရနိုင်ပါတယ်။
စောင့်ကြည့်ရန်
http://www.sixblade.net

00000000000000000000000000000000000000000
Ebook
http://www.myanmarelibrary.com

အသစ်ထွက်ပေါ်လာတဲ့ elibrary ဟာ online စာကြည့်တိုက်ဆိုတာထက် community သဘော ပိုမို အသက်ဝင်နေတာဟာ သိပ် ကောင်း ပါတယ်။ ဒါမှလည်းစာအုပ်ချစ်တဲ့အဖွဲ့ဝင်တွေဟာ အချင်းချင်း တိုင်ပင် ဆွေးနွေးရင်း ဗဟုသုတတွေကိုနှီးနှောဖလှယ် နိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာလူငယ်တွေအတွက် ဗဟုသုတ ရစေမယ့် စာအုပ်စာတမ်းတွေ အများအပြားကို sever ထိန်းသိမ်းပေးထားပါတယ်။
http://www.mmblog.net

အင်တာနက်ထဲမှာ အခမဲ့ ရနိုင်တဲ့ ebook တွေအများအပြားရှိပါတယ် တချို့စာအုပ်တွေဟာ ကျောင်းသား ကျောင်းသုတွေ အတွက် အလွန် အဖိုးတန်ပေမယ့် မရှာဖွေနိုင်ဘူး ဖြစ်နေခဲ့ရင် “MMblogs” ၀င်ရောက် ကြည့်နိုင်ပါတယ်။ အလွန်ရှားပါးတဲ့ programming ebook တွေကစလို့ တခြား upload တင်ထားတဲ့ နည်းပညာစာအုပ် တွေပါ တပုံတပင် ရနိုင်ပါတယ်။ အလွယ်တကူ ‘download’ ချနိုင်တဲ့ site တွေကိုပါ link ချိတ်ပေးထားတဲ့အတွက် ကျေးဇူးတင်စရာပါ။
http://www.foreverspace.com.mm

forever ကတော့ အခမဲ့၊ အခပေး နှစ်မျိုးစလုံးအတွက် ebook တွေကို တည်ဆောက် ထားပါတယ်။
စောင့်ကြည့်ရန်
http://www.all-channel.com

http://www.swanbros.blog-spot.com/2005/11/free-myanmar-ebooks.html
00000000000000000000000000000000000000000000
COMPUTER BUYING
http://www.alpha.com.mm

ကွန်ပြူတာတစ်လုံးစာကို ဝယ်ယူဖို့အတွက် ကိုယ့်မှာရှိတဲ့ ငွေကြေးနဲ့ မလောက်မင ဖြစ်နေတာကို စိုးရွံ့နေစရာ မလိုတော့ပါ။ Alpha ရဲ့ caculate machine နဲ့ onlioe ပေါ်မှာ တွက်ချက်လို့ရပါတယ်။ ဒီနေ့အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကို ထည့်သွင်း ပေးထားတဲ့အတွက် အလွယ်တကူတွက်ချက်ပြီး ဖြေရှာနိုင်မှာပါ။Alpha အနေနဲ့ တချို့မလိုချင်တဲ့ ပစ္စည်းတွေကို ဘေးဖယ်ထားနိုင်တဲ့ None button တစ်ခုနဲ့ဈေးနှုန်းတွေကို update လုပ်ပေးနိုင်မှုကိုသာ ထည့်သွင်းလိုက်မယ်ဆိုရင် အကောင်းဆုံး လမ်းညွှန် ဖြစ်သွားမှာ သေချာပါတယ်။
http://www.myanmarcomputermarket.com

ဒီဇိုင်းအသစ်ကို ပြန်လည်ပြင်ဆင်လိုက်တဲ့ myanmar computer market ဟာ user တွေအဖို့အားကိုး အားထားပြုနိုင်စရာ အချက် အလက်တွေ အများအပြား စုဆောင်းထားပါတယ်။ ဒီနေ့ရန်ကုန်မှာရောင်းချ တဲ့ ကွန်ပြူတာနဲ့အပို ပစ္စည်းတွေရဲ့ဈေးနှုန်းတွေနဲ့ new product တွေကို တစ်နေရာတည်းမှာ အစုံ အလင် ရရှိနိုင်တဲ့အပြင် ဆိုင်လိပ်စာတွေနဲ့ကွန်ပြူတာ ကုမ္ပဏီ တွေရဲ့ contact address တွေကိုပါ ထည့် သွင်း ပေးအပ်ထား ပါသေးတယ်။
စောင့်ကြည့်ရန်
http://www.luckybird.myanmar.com

00000000000000000000000000000000000000000
EDUCATION
http://www.studying-singapore.com

စင်ကာပူနိုင်ငံမှာ ကျောင်းသွား တက်ဖို့အတွက် ဘာတွေ လိုအပ်ပါသလဲ။ ဘယ်လို ပညာ အရည်အချင်း၊ မည်သည့်ထောက်ခံချက်၊ အသက်အရွယ် အတိုင်းအတာတွေနဲ့ကျောင်းတွေ ရဲ့လိပ်စာ၊ တည်နေရာ တွေကစလို့ လူငယ်တွေအတွက် တန်ဖိုးအရှိဆုံး ပညာရေး ဝန်ဆောင်မှု website ဖြစ်ပါ တယ်။ ဒီ website ကို အသေအချာ လေ့လာထားမယ်ဆိုရင် စင်ကာပူတင်မကဘဲ တခြားနိုင်ငံ တွေ မှာပါ ကျောင်း တက်ဖို့စိုင်းပြင်းနေတဲ့ပညာသင်တွေအတွက်အလွန်ကောင်းမွန်တဲ့ အကြံပေး ဩဝါဒ တွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ အပြည့် အစုံ ရှိနေပါတယ်။
http://www.myanmartraining.com

စင်ကာပူ၊ဩစတြေးလျ၊ မလေးရှား၊ အင်္ဂလန်၊ ယိုးဒယားစတဲ့နိုင်ငံတွေကို ပညာသင် သွားမဲ့ လူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန် အကြံပေး လမ်းညွှန်မှုတွေကိုဖော်ပြထားပါတယ်။ ကွန်ပြူတာ skill အနေနဲ့လည်း မြန်မာပြည်တွင်းမှာရှိတဲ့ KMD, Informatics, Ocean Gate စတဲ့ သင်တန်းကြီးတွေနဲ့ သင်ကြားနေတဲ့ Programme တွေကိုပါ ဖော်ပြထားပြီး ကိုရီးယား တက္ကသိုလ်ကို စရိတ်ငြိမ်း ပညာ သင် ဆု လျှောက်ထားနိုင်ဖို့ကိစ္စရပ်တွေကအစဖော်ပြထားပါတယ်။
http://www.cetana.com

‘စေတနာ’ လိုအမည်ရှိတဲ့ website ဟာမြန်မာလူငယ်တွေအတွက် ‘ပညာသင်ဆု’ တွေ ရရှိနိင်မဲ့ အခွင့် အလမ်းနဲ့နည်းလမ်းတွေနဲ့ နည်းလည်းတွေကို ကူညီ လမ်းညွှန်ပေးပါတယ်။ ကျောင်း တစ်ခုရဲ့ scholarship လျှောက်တဲ့ နေရာမှာ လိုအပ်တဲ့ အချက်အလက် တွေကို online ပေါ်မှာ အသေအချာ ရေးသား ပြသပေးရုံ သာမကဘဲ offline အနေနဲ့အခက်အခဲရှိလို့ အကူအညီ တစ်စုံတစ်ရာ လိုခဲ့ရင် ဆက်သွယ် နိုင်အောင်တိကျတဲ့ လိပ်စာတွေ ပေးထားပါတယ်။ တကယ်လို့ ကိုယ်ဟာ ’scholarship gramme’ ကို စိတ်ဝင်စားရင်တော့ ‘cetana’ နဲ့ ဆက်သွယ်မှကို ဖြစ်မှာပါ။
စောင့်ကြည့်ရန်
http://www.studying-malaysia.com/

http://www.thanlwinsoft.org/

myanmar website
No comments:
Post a Comment