Wednesday, 16 January 2013

ဗန်းမော်ဆရာတော်၏ဆုံးမစာ



  တရားကို တေးဆို ၊ အဖေကိုသားဆဲ
   ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
   မကောင်းကြံလျှင် သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ
   လိမ်နိုင်မှ သစ္စာရှင် ၊ ပညာရှင်ကို ပယ်၍ထား
   အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို
   အပျိုငယ်က လင်နေစော ၊ အင်္ကျီပါးနဲ့ ဥပုသ်သည်
   ဇရပ်အလယ် ကို့ယို့ကားယား ၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ
   အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်
   အ၀တ်ပြောင်မှ လူရိုသေ ၊ လင်ရှိမယားက အပျိုလုပ်
   မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း
   ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
   ပွဲသဘင်ပါမှ အလှူဖြစ် ၊ စာမတတ်သူက တရားပြ
   ဇာတ်သမားမှ လူခေါ်ချင် ၊ သူတော်စင်ကို ပယ်၍ထား
   ကြွေးပေးသူက ကျွန်နဲ့တူ ၊ ကြွေးယူသူက သခင်ဖြစ်
   မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ
   အဖေ အမေက ကျွနဲ့တူ ၊ သားသမီးက သခင်ဖြစ်
   ခေတ်ကြီးကိုတော့ အပြစ်ဆို ၊ မိမိကိုယ်တော့ အကောင်းပြော
   ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊ ဖြောင့်မတ်လျှင် လူမသုံး
   သီလယူရင်း မျက်စပစ်…………….
………………သူတော်ကောင်းတို့ တရားပျက်ကြလေပြီ……………။     ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget