Monday, 19 November 2012

ခုခံအားစနစ်ပြန်ကောင်းစေလာမည် နည်းလမ်းခြောက်သွယ်

ခုခံအားစနစ် ပြန်လည်ကောင်းလာစေမည့် နည်းလမ်းခြောက်သွယ်

chan myae aung
beautiful girl enjoying the summer sun

၁. ကြက်သွန်ဖြူအားဖြည့်ဆေး မှီဝဲပါ

ကြက်သွန်ဖြူအားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲသူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိ ဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။



၂. နေ့စဉ် ဝိုင်အရက်တစ်ခွက်သောက်ခြင်းကို ရပ်ထားပါ

အရက် (အယ်ကိုဟော) တွေများနေရင် အသည်းပေါ်မှာ ဒဏ်ပိစေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ပိုးမွှားတွေနဲ့ ဒုက္ခပေးတဲ့ အဆိပ်တွေကို စစ်ထုတ်နိုင်စွမ်းလျော့ သွားနိုင်ပါတယ်။

၃. ခုခံအားစနစ် ပြန်လည်မြင့်တက်လာအောင် ဒိန်ချဉ်စားပါ

နေ့စဉ် ဒိန်ချဉ်တစ်ခွက်သောက်သူတွေဟာ ဒိန်ချဉ်မသောက်သူတွေထက် အအေးမိဝေဒနာ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။

၎. အအေးမမိအောင် နေပါ 

အအေးမိပြီး ချမ်းတုန်နေရင် ခုခံအား တုံ့ပြန်မှုတွေ ကျဆင်းနိုင်ပြီး လည်ချောင်းနာတာနဲ့ နှာရည်ယိုတာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများတယ်လို့ Wales Cardiff တက္ကသိုလ် Common cold ဌာနမှ သုတေသန ပြုချက်အရ သိရပါတယ်။
 
၅. ဖိစီးမှုလျော့အောင် တရားထိုင်ပါ

ပုံမှန် တရားထိုင်သူတွေဟာ ဖိစီးမှုဖြေလျှော့တဲ့ လေ့ကျင့်ခန်းမလုပ်သူတွေထက် ဖျားနာနိုင်ခြေ ထက်ဝက်ခန့်လျော့နည်းပါတယ်။

၆. အိပ်ရေးဝအောင် အိပ်ပါ

အိပ်ပျော်နေစဉ်မှာ သင့်ဦးနှောက်မှ မယ်လ်တိုနင်တွေ ထုတ်လုပ်နေပါတယ်။ မယ်လ်တိုနင်ဟာ ပဋိပစ္စည်းနဲ့ ခုခံအား cell တွေ အများကြီး ထွက်လာအောင် ကူညီနိုင်တယ်လို့ သုတွေသီတွေက ဆိုပါတယ်။
 

Tips
လေ့ကျင့်ခန်း လျှော့လုပ်ပါ

 အေရိုးဗစ်လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာကြောင့် သွေးဖြူဥလုပ်ငန်း ၅၅ ရာခိုင်နှုန်း ပိုမြင့်တက်လာပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာများလွန်းရင်လည်း အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ရောဂါပိုးဝင်နိုင်ခြေ ခြောက်ဆပိုများနိုင်ပါတယ်။ သင့်ကိုယ်သင် အားအင်ကုန်တဲ့အထိ လေ့ကျင့်ခန်းကို တွန်းလုပ်လိုက်တာကြောင့် ခုခံအားစနစ်ကို ချိုးနှိမ်တဲ့ ဖိစီးမှုဟော်မုန်း Adrenalin နဲ့ Cortisol တွေ အများကြီးထွက်လာလို့ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget