ပူတူတူလေး ကျီးကန်းမလေး လူပု စိတ်တိုမလေး သဲလေး
သုတစွယ်စုံ....
ဒီဆိုဒ်ကလေးကို ၀ါသနာ အရတည်ထောင်ထားချင်ဖြစ်ပါတယ်. မိမိကိုယ်တိုင်အလွယ်တကူပြန်ပြီးလေ့လာနိုင်ရန် အတွက် ရည်ရွယ်ရ်ျ ဒီဆိုဒ်ကလေးကို 10ရက် 10လ 2012 မှာတည်ထောင်ခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ကွန်ပျူတာဆိုင်ရာ နည်းပညာများ အင်တာနက်ဆိုင်ရာ နည်းပညာများ ရသစာပေများ ဟာသများ စသည့် ရသပေါင်းများစွာကို စုစည်းရ်ျ တည်ထောင်ထားသော blogger ဆိုဒ်ကလေးတစ်ခုတာဖြစ်ပါတယ် ။ ဒီဆိုဒ်ကလေး ကို မျက်ဆီလည် လမ်းမှားပြီ ရောက်လာတဲ့ သူငယ်ချင်းများအာလုံးကို ကြိုဆိုပါတယ်. . . . . . ချမ်းမြေ့အောင်
Tuesday, 16 December 2014
Monday, 30 September 2013
မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website
မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website
ဒီနေ့အားလုံးကို Website လေးတစ်ခု ညွှန်းပေးစရာ ရှိပါတယ်။
ဒါပေမဲ့ အရင် ဆုံး Like မလုပ်ရသေးတဲ့ သူ တွေ http://www.facebook.com/TechMilo ကို Like အရင် သွားလုပ် ကြရအောင်။
ပြီးရင် စာကို အရင် ဆက်ဖတ်ကြည့်ကြမယ်။
သူ့ရဲ့ လုပ်ဆောင် ချက်က သင်လိုအပ်နေတဲ့ File ကို သတ်မှတ်ထားတဲ့ Host ကနေ သွားပြီးတော့ ကူရှာပေးပါတယ်။
ဥပမာ - သင်က Google Talk လေး လိုချင်တယ်ဆိုပါစို့။
သင့် အနေနဲ့ ပုံမှန်ဆိုရင် Google မှာ Download Google Talk ဆိုပြီး ရိုက်ထည့်ပြီးရှာရပါလိမ့်မယ်။
နောက်ပြီးတော့ Website ထဲဝင်ရမယ်။ သင့် က Download လေးရှာ ပြီး နှိပ်ပေးရပါဦးမယ်။ တစ်ခါတစ်ခါ Like to Download တို့၊ စာဖတ်ပြီးမှ Like ပါတို့၊ နောက်ပြီး
Download Link သို့မဟုတ် Buttom ကို နှိပ်လိုက်တယ် ဆိုရင်လဲ Adfly , Adfocus စတဲ့ Ads Website တွေကို ကျော်ခွနေရဦးမှာ ဖြစ်ပါတယ်။
5 sec ကနေ့ 10 sec လောက်ထိ စောင့် ပြီး ကျော်ခွနေရဦးမှာဖြစ်ပါတယ်။
သင့် အနေနဲ့ Internet လိုင်း မကောင်းတာက တစ်မှောင့် Ads စောင့်ရတာက တစ်မှောင့် အဆင်ပြေမှာ မဟုတ်ပါဘူး။
အဲ့အတွက် ဒီ Website လေးက သင့် အချိန်တွေမကုန်စေဖို့ ကူညီပေးပါလိမ့်မယ်။
Site နာမည်က http://www.filecrop.com ပါ။
Website ထဲမှာ မိမိ Download လုပ်ချင်တဲ့ File Name ကို ရိုက်ထည့်လိုက် ရုံ ပါပဲ။
ရိုက်ထည့်လိုက်တာနဲ့ သူက Website တွေကိုလိုက်ရှာပြီး Mediafire, Hotfile, Rapidshare, 4shared စသည်တို့မှာ တင်ထားတဲ့ မိမိလိုချင်တဲ့ File တွေထဲကို သွားရှာပေးပါလိမ့်မယ်။
ပြီးတော့ Result ကို ဖော်ပြပေးမှာ ဖြစ်လို့ သင့်အနေနဲ့ မိမိလိုချင်တဲ့ G Talk ဆို G Talk စသည်ဖြင့် မိမိလိုချင်တဲ့ ကောင် ရဲ့ Download Link ကိုတန်းရလာပါလိမ့်မယ်။ နောက်ပြီး ဘယ်ဆိုဒ်ကနေ ရှာတွေ့လာတယ်ဆိုတာရော ဖော်ပြပေးပါလိမ့်မယ်။
သင့်အနေနဲ့ က သူပေးတာလေးကို နှိပ်ပြီး လွယ်ကူစွာ ဒေါင်းလုပ် ပြုလုပ်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ သူက ရှာပေးတာပဲ ဖြစ်လို့ သင့် အနေနဲ့ Visus ဟုတ်မဟုတ်ကို သတိထားဖို့ လိုပါလိမ့်မယ်။
Download Link ကို http://www.virustotal.com မှာထည့်ပြီး Scan ဖတ်ကြည့်နိုင်ပါတယ်။
မိမိကွန်ပျူတာနဲ့က Antivirus နဲ့ လည်း Scan ဖတ်ကြည့်ဖို့ လိုပါတယ်။
သူ့ကို သုံးခြင်းရဲ့ အကျိုးကျေးဇူးကတော့ အချိန်ကုန်တာ သက်သာတာပါပဲ၊
ဒါပေမဲ့ သူက Rapidshare , Hotfile, Mediafire, Depositfiles,Mega, 4shared Host မှာ တင်ထားတဲ့ File တွေကို ပဲ ရှာ ပေးပါတယ်။
အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Credit : http://www.techmilo.tk/2013/09/file-search-engine-website.html Writer: Steel Jelly [Miloboy Inc.]
Credit : http://www.techmilo.tk/2013/09/file-search-engine-website.html Writer: Steel Jelly [Miloboy Inc.]
flash player ကို ဖုန်းထဲထဲ့ကြည့်ချင်း
Adobe က Mobile Flash Development ကိုရပ်နားတော့မယ်လို့  မကြာခင်က ဆုံးဖြတ်ခဲ့ပါတယ်။နောက်ပိုင်း Android Device တွေမှာ Flash Player ပါရှိလာမှာမဟုတ်တော့ပါဘူး။အဲဒီအတွက် Internet က Video,Flash Content တွေကို သင့်ဖုန်းကနေ ကြည့်လို့  မရတော့ပါဘူး။ဒါပေမယ့် Flash Player ကို အင်စတောလုပ်ပြီးအသုံးပြုနည်း တော့ရှိပါတယ်။
Download Flash Player
Flash Player ကို Play Store မှာ မတင်ပေးတော့ပါဘူး။Flash Player ကို Adobe ရဲ့ Official Page ကနေဒေါင်းလုပ်လုပ်ပါ။အောက်ဘက်ကိုဆင်းကြည့်ရင် Android အတွက် Flash Player တွေကိုတွေ့ နိုင်ပါတယ်။သက်ဆိုင်ရာ Android Version အလိုက်ရွေးချယ်ဒေါင်းလုပ်လုပ်ပါ။Flash Player နောက်ဆုံး Version ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။ဥပမာအားဖြင့် Android Version 4.0 အတွက် Flash Player Version တွေအများကြီးရှိပြီး နောက်ဆုံး Version ကိုရွေးချယ်ဒေါင်းလုပ်လုပ်ပါ။ Android 4.0 အထိပဲတွေ့ ရမှာဖြစ်ပါပေမယ့် 4.0 ထက်အမြင့်ဖုန်းတွေအတွက် 4.0 ကိုပဲအင်စတောလုပ်လို့ ရပါတယ်။
clip_image002
Flash ကို Install ပြုလုပ်ခြင်း။
အင်စတာလုပ်ဖို့ အတွက် Settings>Security>Unknown Sources ကို အမှန်ခြစ်ပေးထားရပါမယ်။ ဖုန်းတစ်လုံးနဲ့ တစ်လုံးတော့တူမှာမဟုတ်ပါ။ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ Flash Player (apk) ကိုအင်စတောလုပ်လို့ ရပါပြီ။
clip_image003
Flash Player ကိုအသုံးပြုခြင်း။
Flash Player ကိုအင်စတောလုပ်ပြီးရင် အသုံးပြုဖို့  Browser App တစ်ခုကို Configure လုပ်ရပါမယ်။အရင်လို Browser တွေအားလုံးမှာ အလိုလို အသုံးပြုလို့ မရတော့ပါဘူး။Browser တော်တော်များများက Flash Player ကို Support မပေးတော့လို့ ဖြစ်ပါတယ်။အကောင်းဆုံး အဆင်အပြေဆုံး ဖြစ်မယ့် Browser ကတော့ Firefox ဖြစ်ပြီး Firefox ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။ Settings>Plugins ထဲဝင်ပြီး Enabled or Tap to play ရွေးပေးထားပါ။
clip_image005
ဒါဆိုရင်တော့ သင့် Android Phone မှာ Flash Content တွေကိုကြည့်ရှုနိုင်ပါပြီ။ ၀က်ဆိုက်တော်တော်များများက Flash Contents တွေကို ကြည့်လို့ ရမှာဖြစ်ပေမယ့်တစ်ချို့ ဆိုက်တွေက သင့် ဖုန်း ရဲ့ User Agent ကိုသိပြီး Block လုပ်ကောင်းလုပ်နိုင်ပါတယ်။ User Agent ဆိုတာကတော့သင်ကြည့်နေတဲ့ Device အမျိုးအစားကိုပြောတာပါ။ Android Device ကနေ ကြည့်နေမှန်းသိလို့  Block လုပ်တာဖြစ်ပါတယ်။အဲလို အခြေအနေမှာဆိုရင် Firefox Add-on တစ်ခုဖြစ်တဲ့ Phony ကိုသုံးပြီး User Agent ကို Desktop ကိုပြောင်းပြီးကြည့်နိုင်ပါတယ်။
တစ်ခုမှတ်ထားရမှာက Update မပေးတော့တဲ့ Plugin တွေ အထူးသဖြင့် Flash Player ကိုအသုံးပြုခြင်းဟာ Security ပိုင်းအရစိုးရိမ်စရာရှိပါတယ်။အဲဒီအတွက် Flash Player ကို အသုံးပြုဖို့  “Tap to play” option ကိုရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။
Thursday, 15 August 2013
ဘလော့မှာ တင်တဲံပုံလေးတွေ ယိမ်းနွဲ့ကပြနေသလို လုပ်ကြမယ်...

အားလုံးမင်္ဂလာပါ..... ဘလော့ခရီးသည် မိတ်ဆွေများအား သည်နေ့ လက်ဆောင်လေးတစ်ခုပေးပါရစေ.
အရင်တစ်ခါက လည်းတင်ပေးဖူးပါတယ်.... လိုခြင်သူများရှိ ထပ်မံရရှိစေဖို့ပါ..
ဘလော့ပို့စ်တွေ တင်တဲ့အခါမှာ မိမိတို့တင်တဲံပုံလေးကို
ယိမ်းနွဲ့ကပြနေသလိုလေး
လုပ်ကြမယ်ဆိုရင်...နည်းလမ်းလေးပါဘဲ...အရမ်းးလည်းလွယ်ကူပါတယ်....နော်
အောက်မှာလေ့လာလိုက်ပါ
►1- Blogger Singin ၀င်လိုက်ပါ။
►2- Dashboard ကိုသွားလိုက်ပါ။
►3- Template ကိုကလစ်ပါ..။
►4- Edit Html ကိုဝင်ပါ..
►5- Ctrl+F (သို့မဟုတ်) F3 အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
]]></b:skin> သည်ကုဒ်ကိုရှာပါ တွေ့တာနဲ့ သူ့အပေါ်ကပ်လျှက် ပေးထားသော အောက်ကကုဒ်များကို ထည့်ပေးပါ
ထည့်ပြီးးတာနဲ့ ဆေ့လိုက်ပါ.....အိုကေနော် နောက်တဆင့် ကတော့...
မိမိတို့ ပို့စ်တင် တဲံအခါမှာ သုံးရမှာ ကုဒ်ရှိပါတယ်.... အဲကုဒ်လေးနဲ့ဘဲ ပုံတွေကို ယိမ်းးနွဲ့စေပါပြီ...
<img alt="post-image" class="swing" src="PASTE YOUR IMAGE URL HERE""style="animation-delay: 0.8s;-webkit-animation-delay: 0.8s;-moz-animation-delay:0.8s;animation-delay: 0.8s;"/>
အဲကုဒ်လေးကို သုံးရမှာပါ သုံးနည်းကတော့ မိမိတို့ ပို့စ်တင်တဲ့ ခါ ပို့ဇယားထိပ်မှာ Compose နဲ့
HTML ဆိုတဲ့စာသားလေးတွေ့မှာပါ.. အဲနှစ်ခုက HTML ဆိုတာကိုကလစ်ပါ
ကုဒ်တချို့ ကျလာတာတွေ့မယ်..ဖျက်လိုက်ပါ... အဲနောက် အပေါ်က ကုဒ်ကို ကော်ပီ
ယူထည့်လိုက်ပါ....
PAST YOUR IMAGE URL HERE ဆိုတဲ့နေရာမှာ မိမိတို့ ထည့်လိုသော
ပုံရဲ့လင့်ကိုထည့်ပေးလိုက်ပါ.... ဒါဆို အိုကေပါပြီ...ပြီးတာနဲ့ Compose
ပြန်ကလစ်ပါ ပုံလေးကိုတွေ့နေရပါပြီ... သည်ထဲမှာတော့ ယိမ်းးမနေပါဘူးနော်
Publish လုပ်ပြီးမိမိဘလော့ပေါ်ရောက်မှသာလျှင် ယိမ်းနွဲ့
ကပြနေမှာပါဗျာ..... အဆင်ပြေပါစေ....
Wednesday, 24 July 2013
နည်းပညာများ
Browser တွေမှာမြန်မာလို မမြင်ရဘူးဆိုရင်
========================
Mozilla မှာ ဆိုရင် >> tools--Options--contents ရဲ့ default font မှာ zawgyi
ပြောင်း သူ့ဘေးက advance မှာ font for မှာ other language ပြောင်း Serif
ရယ် Sans-serif ရယ် Monospace မှာ Zawgyi ပြောင်း fallback Character
Encoding မှာ Unicode (UTF-8)ထား
IE မှာဆိုရင် tools >> --Internet option --general-- font ၀င် webpage
font မှာ zawgyi ပြောင်း
chrome မှာ >>.chrome စာမျက်နှာအပေါ်ဆုံး ညာဘက်ထောင့်မှာ ရှိတဲ့ မျဉ်း
၃ကြောင်းကနေ ...>setting > အောက်နားလေးမှာ show advanced setting
> customize font >ကနေ အပေါ်ဆုံး ၄ခုလုံး zawgyi one ပြောင်း
....အောက်ဆုံးက Encoding မှာ unicode(UTF 8 )ထားရင်မြင်ရပြီ..
Maxthon Browser -->> Alt+f (menu) >options /Advanced >web page
diplay >web page font: > select >change zawgyi one
------------------------------------------------------------------------------------
Q: browser မှာရော facebook မှာေ၇ာ မြန်မာလိုရေးလို့ဖတ်လို့ရပြီးမှ
desktop ပေါ်မှာကျတော့ ဘာမှမမြင်ရ ရေးလို့မရဖြစ်နေတယ် ဥပမာ-new
florder လုပ်ပြီးရင် မြန်မာလို နာမည်ပေးလို့မရဘူး
A: Desktop ပေါ် R-click Personalize ကိုရွေး
Windows Color > Advance appearance settings
Item box ထဲမှာ Icon ဆိုတာကို ရှာ ပြီးရွေးလိုက် ပြီးရင်အောက်က font
မှာ zaw gyi ရွေးလိုက်ရင် ရပါပြီ။
Q: browser မှာရော facebook မှာေ၇ာ မြန်မာလိုရေးလို့ဖတ်လို့ရပြီးမှ
desktop ပေါ်မှာကျတော့ ဘာမှမမြင်ရ ရေးလို့မရဖြစ်နေတယ် ဥပမာ-new
florder လုပ်ပြီးရင် မြန်မာလို နာမည်ပေးလို့မရဘူး
A: Desktop ပေါ် R-click Personalize ကိုရွေး
Windows Color > Advance appearance settings
Item box ထဲမှာ Icon ဆိုတာကို ရှာ ပြီးရွေးလိုက် ပြီးရင်အောက်က font
မှာ zaw gyi ရွေးလိုက်ရင် ရပါပြီ။
Thursday, 18 July 2013
ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ

သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။
၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ
ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။
(၂) ကုလားပဲ စားပါ
ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။
(၃) မနက်စာ ကြက်ဥစားပါ
စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
(၄) မှိုထည့်ချက်ပါ
မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။
(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ
အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။
(၆) ပုစွန်ဆိတ် စားပါ
ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။
(၇) လက်ဖက်စိမ်းရည် သောက်ပါ
တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။
(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ
ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။
(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ
ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)Ref: Good Health posted on Yatanarpon.com.mm - news - news-70672
လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ

ပညာမာန ထားခြင်း
အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။
လောဘကြီးခြင်း
လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။
ဒေါသ ထားခြင်း
ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။
ပျင်းရိခြင်း
အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။
ဆက်ဆံရေး ညံ့ဖျင်းခြင်း
လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။
လေ့လာဆည်းပူးမှု မရှိခြင်း
ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။
...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
Wednesday, 3 July 2013
မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှကြည့်ရှုနည်း
အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။
www.videolan.org/vlc/download-windows.html
Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။
မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။
အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။

Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။

အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။

ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။
Ref & Credit: မြ၀တီ
Subscribe to:
Posts (Atom)